စိန်ရတု တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ဂုဏ်ပြု ကြယ်ညွှန်ရာသစ္စာဇာတ်လမ်းတွဲ ထုတ်လွှင့် ပြသမည်

၂၄-၁၂-၂၀၂၂ ရက်နေ့တွင် (၇၅)နှစ်ပြည့်မြောက်မည့် စိန်ရတု တပ်မတော်(ရေ) နှစ်ပတ်လည်နေ့
ဂုဏ်ပြုဇာတ်လမ်းတွဲ’ ကြယ်ညွှန်ရာသစ္စာ’ အား MRTV၊ MWD နှင့် Sky Net တို့တွင်
၁၈-၁၂-၂၀၂၂ ရက်နေ့မှ ၂၄-၁၂-၂၀၂၂ ရက်နေ့ထိနေ့စဉ်ထုတ်လွှင်ပြသသွားပါမည်။
ဖြစ်ရပ်မှန်များအားအခြေခံထားပြီး ပင်လယ်ပြင်အလှအပရှုခင်းများ၊ ကျွန်းများ၏သဘာဝအလှများ၊
ကမ်းရိုးတန်းနေပြည်သူလူထု၏ နေထိုင်မှုဘဝပုံရိပ်များအား‌ပေါ်လွင်စွာ ဇာတ်အိမ်ကျယ်ကျယ်ဖြင့်
ရသမြောက် အချိတ်အဆက်မိမိ အပိုင်း(၁၂)ပိုင်းဖြင့် ပုံဖော်ထားသည့်အတွက် စောင့်မျှော်ကြည့်ရှု
အားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထုတ်လွှင့်ပြသချိန်
ညစဉ်(၇)နာရီနှင့်ည(၈)နာရီ သတင်းအပြီးတစ်ရက်(၂)ပိုင်းပြသပါမည်