KNU အနေနဲ့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံရတော့မှာလား?

KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ….. KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲတွေကို မထိန်းနိုင်ကြတော့ဘူး…. နယ်ဒါးမြ၊ တာဘော၊ စောကျော်သက်နဲ့ အယ်စေးဝါးတို့လို အဖွဲ့တွေက မွေးဖွားပေးခဲ့တဲ့ ကျားဖြူ၊ နဂါးဖြူနဲ့ ဂျပ်စတစ်ဆိုးဂျားတို့လို PDF အကြမ်းဖက်အဖွဲတွေကလည်း သူတလူ ငါတမင်းနဲ့ မင်းမူနေကြပြီ…. တနေ့ထက်တနေ့ အဖျက်အမှောက်လုပ်ငန်းတွေ ပိုပိုလုပ်လာတယ် အတင့်ရဲလာတယ်…. ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲတွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်…. အဲဒီတော့ KNU ဗဟို အနေနဲ့ ဘယ်လိုတွေတာဝန်ခံပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အောက်ကအဖွဲ့တွေကို ထိန်းသိမ်းသွားမှာလည်း…. အောက်ကအဖွဲတွေရဲ့ လုပ်ချင်တိုင်း လုပ်နေတာတွေကို တာဝန်ခံဖို KNU ဗဟိုမှာ တာဝန်ရှိတယ်ဆိုတာ မေ့ထားလိုမရဘူးနော်…. အဲဒီတော့ ရှေ့လျှောက် KNU ဗဟိုက ဘယ်လိုမျိုးတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားကို ရောက်လာပါပြီ….

နိုင်ငံတော်ကိုအဘက်ဘက်မှ ဖျက်ဆီးနေသော အကြမ်းဖက်များ အမြန်ကျဆုံးပါစေ…