နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအဖွဲ့တို့က ဂုဏ်ပြုဖျော်ဖြေ

ဒီဇင်ဘာ ၁၅ရက်က မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့တို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့
နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊
အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်း များဖြင့် ဖျော်ဖြေကြရာ
တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက် ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့်
မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြတယ်လို့ သတင်းရရှိပါတယ်။