ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပူတာအိုမြို့ရှိ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ

ဒေသ၏ ထူးခြားသည့် ဝိသေသများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်

ဝေးလံခေါင်းပါးသည့် ဒေသတစ်ခုဖြစ်တဲ့အတွက် သွားလာမှုများ အဆင်ပြေ ချောမွေ့ရန်နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက်လည်းဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်းနှင့်မိမိတို့ကိုယ်တိုင်လည်း တတ် နိုင်သလောက် ကြိုးပမ်းသင့်ကြောင်း၊ ထူးခြားသည့် ဝိသေသများဖြင့် ပြည့်စုံနေသည့် ဒေသဖြစ်တဲ့အတွက်၊ ခရီးသွားဒေသအဖြစ် ဆောင်ရွက်၍ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်လုံး များကို စီ၍ ကာရံထားသည့် ကျောက်စီခြံစည်းရိုးများလည်းရှိကြောင်း၊ အဆိုပါ ကျောက်လုံးစီ ခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ် ချက်များချမှတ်ကာ စနစ်တကျလှပသပ်ရပ်စွာ ဖြင့် ထူးခြားသည့်မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့မြို့တစ်မြို့ဖြစ်ပါသည်။

စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင်တင်

ဒေသတွင်းဆန်ဖူလုံမှုရှိရန်လည်းအထွက်တိုးစပါးများ အသီးအနှံများကိုလည်း စိုက်ပျိုးကြရန်၊ မွေးမြူ ရေးလုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်းနှင့် အခြားဒေသများနှင့် ပြည်ပသို့တင်ပို့ ရောင်းချ ခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။

ဂရိတ်ဖရု၊လက်ဖက်နှင့်ကော်ဖီ ပူတာအိုဒေသတွင်သာ ကောင်းမွန်စွာထွက်ရှိသည့် အသီးများစနစ်တကျသုတေသနပြု စိုက်ပျိုးရန်လိုကြောင်း၊လက်ဖက်နှင့်ကော်ဖီ များကိုလည်း ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်၍ ခရီးသွားများကို ဆွဲဆောင်နိုင်မည်နှင့် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ် ကြောင်း။

ပညာရည်မြင့်မားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်

ကလေးငယ်များ၏ အနာဂတ်ဘဝ ခရီးတစ်လျှောက်လုံး ပူပင်ကြောင့်ကျကင်းစွာဖြင့် နေထိုင်နိုင်ရေးနှင့် ပညာရေးကိုအင်ပြည့်အားပြည့်ဖြင့် အားပေးပြီး သို့မှသာ တစ်ဦးချင်း ပညာရည်မြင့်မား မှုမှ ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။