မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အခွင့်ရတုန်းမှာ ကူညီပါ

အဆင်ပြေလို့လည်း သိပ်မပျော်နဲ့
ခဏလေး မမြဲဘူးဆိုတာ သိပါ ။

အဆင်မပြေလို့လည်းစိတ်မပျက်နဲ့
ဒုက္ခရှိမှ ဘ၀ကပေါ်လွင်တာလို့
မိမိစိတ်ကနေ လက်ခံယူထားပါ ။

ခေါင်းနဲ့ပန်း လှန်သလိုပေါ့
အမြဲတမ်းလည်းခေါင်းကျမနေသလို
ပန်းလည်းအမြဲ ကျမနေပါဘူး ။

ဘ၀ဆိုတာလည်း အမြဲတမ်းချည်း
ဆင်းရဲနေတာမဟုတ်သလို
ချမ်းသာနေမှာလည်းမဟုတ်ပါဘူး ။

အနိမ့်အမြင့်အတက်အကျတွေနဲ့
ဘ၀က ပျက်စီးမှုဆီကိုသွားနေတာပါ ။

ဒါကြောင့် ကိုယ်သာတုန်းမှာ
သူများကို မျှဝေကူညီပေးပြီးတော့

ကိုယ်နာတဲ့ အခါကျရင်လည်း
သည်းခံပြီးတော့ အဆင်ပြေစွာနေရင်

အခက်ခဲတွေကြုံလာရင်လည်း
ကိုယ့်ကို တစ်ဖန်ကူမယ့်သူတွေဟာ
ကိုယ့်စေတနာအတိုင်းရှိလာကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏