မြောင်မြို့နယ်၊ ကူးတိုကုန်းကျေးရွာ၊ အနောက်ဘက်ချောင်းရိုး အနီးတွင် တပ်မတော်စစ်ကြောင်းနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွား

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

မနေ့(ဒီဇင်ဘာလ ၁၃ ရက်)က နံနက် ၁၀ နာရီခန့်တွင် မြောင်မြို့နယ် ကူးတိုကုန်းကျေးရွာ အနောက်ဘက်ချောင်းရိုးအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF များ အထိနာပြီး ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။
လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်း အကြမ်းဖက် PDF များ ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက် ထပ်ချပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၅ လက်အား သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါသည်။

#FiftyTwoNews