နေပြည်တော်မှာ ရုရှားကတက္ကသိုလ်ဖွင့်လှစ်မည်

နေပြည်တော်မှာ ရုရှားနိုင်ငံရဲ့ Far Eastern Federal University (FEFU) ကိုဖွင့်လှစ်မယ်လို သိရပါတယ်။

ဒါဟာ နေပြည်တော်အတွက် ပထမဆုံး ပြည်ပတက္ကသိုလ်တစ်ခုဖြစ်လာပါလိမ့်မယ်။

လောလောဆယ် တက္ကသိုလ် ဖွင့်မဲ့နေရာကိုရွေးချယ်နေပြီဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျောင်းသားထောင်နဲ့ချီလက်ခံသင်ကြားပေးမဲ့ အဲ့ဒီတက္ကသိုလ်မှာ အိုင်တီပညာ၊ ဆေးပညာ၊ အင်္ဂလိပ်စာ၊ ရုရှားဘာသာစကားစတာတွေကိုသင်ပေးမှာလို့ တက္ကသိုလ်က တာဝန်ရှိသူကဆိုပါတယ်။

အဲ့ဒီအပြင် မြန်မာကျောင်းသားတွေအနေနဲ့ ရုရှားက FEFU မှာလည်း ပေါင်းကူးတက်ရောက်သင်ကြားနိုင်မယ်လို့ဆိုပါတယ်။

နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်မှတာဝန်ရှိသူ Boris Korobets တို့က VII အရှေ့စီးပွားရေးဖိုရမ်တွင် ပညာရေး ပူးပေါင်းဆောင်ရွက်မှု ဖွံဖြိုးတိုးတက်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ယာယီဒုတိယဥက္ကဌ Evgeny Vlasov ၏အဆိုအရ ဥပဒေမူဘောင်ကို ပြင်ဆင်မည်ဖြစ်ပြီး ဌာနခွဲတည်ဆောက်မည့်နေရာကို ၂၀၂၃ ခုနှစ်တွင် ဆုံးဖြတ်မည်ဖြစ်သည်။

FEFU တက္ကသိုလ်သည် အာရှတွင်း ပူးပေါင်းဆောင်ရွက်မှုများစွာဖြင့် ကျောင်းခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်ထားသော ကျောင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဂျပန်, ဘေကျင်း(တရုတ်)။ ဟနွိင်း(ဗီယက်နမ်)၊ နယူးဒေလီ(အိန္ဒိယ) တိုတွင် ကျောင်းခွဲများ ဖွင့်လှစ်ထားဆဲဖြစ်ပါသည်။

လက်ရှိနေပြည်တော်မှာ အစိုးရ နည်းပညာတက္ကသိုလ်နဲ့ ဝိဇ္ဇာသိပ္ပံပညာများသင်ကြားပေးနေတဲ့ Naypyitaw State University တိုကိုစတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။