တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ -၁၂

 
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော် အဖွဲ့နှင့် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက ထူးချွန်ဆုများ ရရှိသည့် ဗိုလ်လောင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီ ဆင်နွှဲနိုင်စွမ်းရှိသည့် ခေတ်မီတပ်မတော် တစ်ရပ် (Standard Army) တည်ဆောက်ရာတွင် အင်ဂျင် နီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲနေသည့် နည်းပညာရပ်များကို မျက်ခြည်မပြတ် ကြိုးစား လေ့လာ သင်ယူကြရန်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက် ရေးကဏ္ဍများတွင် မိမိတို့တတ် ကျွမ်းသည့် အင်ဂျင်နီယာဘာသာရပ်နှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပြီး တပ်မတော်၊ တိုင်းပြည်နှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင် သွားကြရန်လိုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါသည်။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃)ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်‌နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါတယ်။