မိုးယံမှသည် အားမာန်ချီကာ

*************************
– အမိနိုင်ငံ မိုးပြင်ယံကို
တစ်ရံမလပ် ၊ မြဲစောင့်ကြပ်ရင်း
စက်တပ်လေယာဉ်၊ ပျံသန်းနှင်ကြ
ဝေဟင်ထဲက၊ ပြည်ချစ်သား
တိုက်လေသူရဲ၊ လူစွန့်စား။
– မိုးယံမြင့်ခေါင်၊ ဆိုးမာန်ဆောင်လည်း
မရှောင်မရွံ၊နောက်မတွန့်ဘဲ
စွန့်လွှတ်အသက်၊ စစ်ချီတက်ရင်း
လေးနက်သစ္စာ ၊ပြည့်တင်းမာ၏။
– တက်နိုင်ထိပ်ဖျား၊ သတ္တိဓားသို့
ကြီးမားထက်သန် ၊ဇွဲစိတ်မာန်ဖြင့်
နိုင်ငံအကျိုး၊ ထမ်းသယ်ပိုးသည့်
မျိုးချစ်စိတ်ထား၊ လွန်မြင့်မားကို
တို့များပြည်သူ၊ မြဲဂုဏ်ယူလိမ့်။
-တိုင်းကားပြည်နယ်၊ဘေးကင်းကွယ်ဖို့
ရှေ့၀ယ်ဆက်၍၊ ဆက်ချီလေ
တပ်မတော်လျှင်၊ မိတ်ကောင်းဆွေ
မပျက်အစဉ်၊ တာ၀န်ကျေ။။
မောင်လတ်(ကမ်းရိုးတန်း)