MGRဟိုတယ်မှာ လာရောက်တည်းခိုသူအမျိုးသမီး ပေါ့ဆမီးလောင်မှုကြောင့်အမှုဖွင့်ခံရ

ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြိုနယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ MGRဟိုတယ်
တတိယလွှာ၊ အခန်းအမှတ်(၃၀၁)တွင် ၂၈နှစ်အရွယ်အမျိုးသမီးတစ်ဦး ဆံပင်လေမှုတ်စက်(Hair Dryer)အသုံးပြု
ပြီးဖွင့်ထားခဲ့ရာမှ အပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
တစ်ယောက်ထဲလာတည်းတဲ့ အမျိုးသမီးတစ်ဦးရဲ့ အခန်းမှာလောင်တာဖြစ်ပြီး အဲ့ဒီအမျိုးသမီးက တတိယအလွှာမှာတည်းနေတာပါ။
ရေချိုး၊ ခေါင်းလျှော်HairDryerအသုံးပြုပြီးတော့ ပြန်ပိတ်ဖိုမေ့သွားတာဖြစ်ပါလိမ့်မယ်။ အဲ့ဒီကနေ အပူလွန်ကဲပြီး
လောင်ကျွမ်းတာပါ။ မီးခိုးတွေ တော်တော်အူထွက်လာပြီး အဲကွန်းနဲ့ TVတော့မီးလောင်သွားတယ်လို့ MGRဟိုတယ်
တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၃၂လက်မTV(၁)လုံး မီးလောင်ကျွမ်းပြီး
အပူရှိန်ကြောင့်အဲယားကွန်း(၁)လုံး အရည်ပျော်ပျက်စီးဆုံးရှုးသွားခဲ့သော်လည်း လူနှင့်အဆောက်အဦအား ထိခိုက်မှုတစ်စုံတစ်ရာ
မရှိကြောင်းသိရပါတယ်။ အဆိုပါအမျိုးသမီးအား အမှတ်(၈)့မရဲစခန်းမှ(ပ)၂၆၂/၂၀၂၂ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ဖြင့်
အမှုဖွင့်အရေးယူထားရှိကြောင်းသတင်းရရှိပါတယ်။
https://t.me/mandalaysitawthan