ပုံပြင်မဟုတ်တဲ့ ဒု- သ- န- သော

ကဿပဘုရားရှင် လက်ထက်က
သူဌေးသားလေးယောက်ဟာ
ကုသိုလ်ရေးအလုပ်ကိုစိတ်မဝင်စားပဲ
သူတစ်ပါးမယားတွေကို နည်းလမ်း
အမျိုးမျိုးသုံးကာ မတရားသိမ်းပိုက်ခြင်း
ဖျက်ဆီးခြင်းတိုနဲ့ အချိန်ကုန်ခဲ့တယ်။

အဲဒီ့အကုသိုလ်ကံကြောင့်
သူဌေးသားတွေ သေလွန်တော့
လောဟကုမ္ဘီငရဲကိုကျခဲ့ရတယ်။

သံရည်ပူအိုးထဲမှာ အမြဲတမ်းအကျိုခံနေရတဲ့
ငရဲပေါ့။
အနှစ် သုံးသောင်းကြာမှ အိုးနုတ်ခမ်းဝကို
တခါသာ ခေါင်းပြူခွင့် ရသတဲ့။

အဲဒီ့လို ခေါင်းပြူခွင့်လေးရချိန်မှာ
သူတိုမှားခဲ့တဲ့ နောင်တတရားတွေကို
လူ့ပြည်မှာရှိတဲ့ လူသားတွေကို
သူတိုလိုမဖြစ်ရအောင် သတိပေး
စကားပြောချင်ကြတယ်။

ဒါပေမဲ့ အိုးပေါ်မှာ ခေါင်းဖော်ခွင့်ရတဲ့
အချိန်လေးဟာ အင်မတန်တိုတောင်းလွန်း
တာကြောင့် အပြည့်အစုံမပြောနိုင်ပဲ
တစ်ယောက်ကို စကားတလုံး ပဲ
ပြောခဲ့နိုင်ပြီး သံရည်ပူအိုးထဲ
တခါပြန်ပြီး နစ်မြုပ်သွားရပြန်တယ်။

သူတို့လေးယောက် ပြောခဲ့တဲ့
စကားလေးခွန်းက

ဒုသနေသာ တဲ့

အဲဒီ့စကားလေးလုံးကို ဗုဒ္ဓက
ရွေညဏ်တော်နဲ့ အကျယ်ချဲ့ပြီး
သူ့ယောက်ကျားကိုသတ် သူ့မိန်းမကို မတရားမောင်ပိုင်စီး သိမ်းပိုက်ဖိုစိတ်ကူးနေတဲ့
ဘုရင်ကောသလကို ဟောခဲ့တာ။

ဒု ဆိုတာက

ငါတိုဟာ သူတစ္ပါးသားမယားကို
ပြစ်မှားခြင်းနဲ့လူ့ဘဝကို အသုံးချခဲ့တယ်
စည်းဇိမ်တွေရှိပေမဲ့–
သံသရာအတွက် အားကိုးရာဖြစ်တဲ့ ဒါန သီလ
ဘာဝနာ အလုပ်တွေကို မလုပ်နိုင်ခဲ့ဘူးတဲ့။

သ ဆိုတာက

ဒီသံရည်ပူထဲမှာ အကျိုခံနေရတာ
အနှစ်ခြောက်သောင်းရှိပါပြီ။
ဘယ်တော့မှ ဒီငရဲက လွတ်တော့မှာလဲတဲ့။

န ဆိုတာက

ဒီငရဲက လွတ်ဖိုအချိန်အပိုင်းအခြား
မရှိတော့ပြီလား
ငါသည် သင်တိုလို လူ့ဘဝက သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားခဲ့တယ်။

သော ဆိုတာက

ငါဟာ ဒီငရဲက လွတ်ပြီး လူ့ဘဝကို
တဖန်ပြန်ရခဲ့ပါက သူတော်ကောင်းတို
စကားနားထောင်ပြီး ဒါန သီလ ဘာဝနာ
အလုပ်တွေကိုလုပ်ပါတော့မည် လို
အသိပေးတဲ့ နောင်တစကားတွေပါ။

ယခုလိုခေတ်ကာလမှာ
သူတစ်ပါး သားမယားကို
ပြစ်မှားဖို ကျူးလွန်ဖို သီလဖောက်ပျက်ဖို
ဝန်မလေးကျတော့ဘူး။

ငွေကြေးပြည့်စုံတဲ့သူတွေကလည်း
ငွေနဲ့ပေါက်ပြီး ကာမရယူဖို
ကြံစည်နေတယ်။

အချောင်သမားတွေကလည်း
မတရားတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဂွင်ဖန်ပြီး
ရယူဖို စိတ်ကူးနေကျတယ်။

ခုနောက်ပိုင်မှာ ခပ်စိတ်စိတ်တွေ့လာရတာက
သက်ငယ်မုဒိန်း သတင်းတွေပါပဲ။

အမျိုးသမီးလေးတွေရဲ့ဘဝ
လုံခြုံမှုမရှိတော့ပါဘူး။

ပြီတော့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု
ကလည်း ဒီလိုအဖြစ်တွေဖြစ်ဖို ဖိတ်ခေါ်နေတယ်လိုထင်မိတယ်။

သူတပါးသားမယားကို ပြစ်မှားမှ
သုသနသောကံ ထိုက်တာမဟုတ်သေးပါဘူး။

သူများလင်မယားအချင်းချင်း
ချစ်သူရည်းစားအချင်းချင်း မကွဲကွဲအောင်
ကုန်းတိုက်စကားပြောတာ။

သူများရည်းစားကို ကိုယ့်ရည်းစားဖြစ်အောင်
လုပ်ကြံဖန်တီးယူတာလည်း ဒုသနသော
ကံထိုက်တာပါပဲ။

ယခုလိုအိုင်တီခေတ်မှာ ပိုဆိုးတယ်
အွန်လိုင်းပေါ်မှာ လူအိုက သူ့ကိုယ်သူ လူပျိုတဲ့။

အအိုကလည်း အပျိုဆိုပြီး သူ့လည်း
ကိုယ်မမြင်ရ ကိုယ့်လည်းသူမမြင်ရနဲ့
အချိန်ကုန် ငွေကုန်ခံပြီး
ဇာတ်လမ်းဆင်ဖောက်ပြန်နေကျတယ်။

ပြီးတော့ အိမ်ကမိန်းမတွေ
အိမ်ကယောက်ကျားတွေ သိပြီး
ဖြစ်လိုက်ကျတဲ့ ရန်ပွဲတွေ မကြားချင်တဲ့
အဆုံးပါပဲ။

အမျိုးသမီးလူငယ်တွေဟာ
အမျိုးသားမှာ မယားကြီးရှိနေတာ
သိပါရက်နဲ့ မယားငယ်လုပ်ဖို
ဝန်မလေးကြတော့ဘူး။

ထေရဝါဒထွန်းကားရာ
ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုအဖြစ်အပျက်
တွေဟာ ဘာသာကိုများစွာ အရုပ်ဆိုး
အကျဉ်းတန်စေပါတယ်။

လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က
ကုသိုလ်ရဖို နဲ့ နိဗ္ဗာန်ရဖိုပါ။

အိပ်မယ် စားမယ် ကာမဂုဏ်မှီဝဲမယ်
ဆိုရင်တော့ကျွန်တော်တိုရဲ့ဘဝဟာ
တိရိစ္ဆာန်ဘဝနဲ့ ဘာထူးတော့မှာလဲ

ကံကောင်းလို လူ့ဘဝတော့ ရလာပါရဲ့
ကုသိုလ်မေ့ပြီး အချိန်ကုန် ငွေကုန်ခံပြီး
သူများ သား မယားတွေကို ပြစ်မှားဖို
ဖျက်ဆီးဖိုကြံစည်နေတယ်ဆိုရင်တော့

ဒု သ န သောလိုပြောခဲ့တဲ့ သူဌေးသား
လေးယောက်ကျခဲ့တဲ့ လောဟကုမ္ဘီ
သံရည်ပူငရဲက စောင့်ကြိုနေပါလိမ့်မယ် ။

——-အသိသတိရှိကြပါစေ—–