လမ်းလျှောက်ခြင်းဖြင့် အသက်ရှည်အောင်နေကြမယ်

တစ်နေ့ကို ၂၅ မိနစ် ခန့် လမ်းလျှောက်ခြင်းဟာ ဘဝမှာ ၇ နှစ်စာ အသက်ရှည်သွား စေတယ်လို့
ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရတော့ အလွန်အကျွံဖြစ်တဲ့
လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာလည်း အသက် ၅၀ ၊ ၆၀ ခန့် ရောက်တဲ့အခါမှာ နှလုံးရောဂါနဲ့
သေဆုံးနိုင်တဲ့အန္တရာယ်တွေရှိလာနိုင်တယ်လို့ သိရပါတယ်။
နှလုံးရောဂါဆိုင်ရာ ဥရောပ လူ့အဖွဲ့အစည်း ဖြစ်တဲ့ (ESC) မှာပြုလုပ်ခဲ့တဲ့ သုတေသန အသစ်အရ ပုံမှန်
လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းတွေ ကြန့်ကြာစေနိုင်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ကျွမ်းကျင်သူတွေ ပြောကြတာကတော့ ၂၅ မိနစ်ခန့် လှုပ်လှုပ်ရှားရှား လမ်းလျှောက်ခြင်း(သို့) နေ့စဉ်အနှေး
လမ်းလျှောက်ခြင်းတွေဟာ ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရတွေကို ရရှိလိုက်နိုင်တယ်ဆိုတာပါပဲ။
Ref: Mario Thit Htoo Lwin (Health) Source: The Telegraph V Thursday, September 3, 2015