ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးစစ်ဆေးကြပ်မတ်

ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သံတွဲမြို့နှင့် တောင်ကုတ်မြို့တို့ရှိ
နယ်မြေခံတပ်ရင်း/တပ်ဖွဲ့တို့တွင် DYL ဝက်၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွားနှင့် ဆိတ်မွေးမြူရေးခြံများ၊
ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ၊ ပဲပင်ပေါက်နှင့် ငွေနှင်းမှို ထုတ်လုပ်ရေးလုပ်ငန်းများ၊ တစ်သျှူးငှက်ပျော စသည့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။