စစ်ကိုင်းမြို့နယ်၊ လက်ပံတောကျေးရွာ အနီးတွင် PDF များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်


မနေ့က ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လက်ပံတောကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မသင်္ကာသော တဲ ၁ လုံးအား အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ PDF များ ဝှက်ထားသော ယမ်းမှုန့် ၅ ပိဿာ ပုံး၊ ဒီတိုနေတာ ၅၀၀ ခုနှင့် ဖောက်ခွဲယမ်းကြိုး ၃၂ ခုတိုအား သိမ်းဆည်းရမိပြီး ၎င်းရွာ ဘုန်းကြီးကျောင်းအတွင်း၌ လက်လုပ်သေနတ် ၃ လက်၊ ကျည်ဆံများ၊ PDF အလံကြီး ၁ ထည်နှင့် လက်မောင်းတံဆိပ် ၃၀ စုံတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး PDF များ ထပ်မံအသုံးမပြုနိုင်စေရန် လုံခြုံရေးအဖွဲဝင်များက မီးရှိဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။