အငှားယာဉ်တစ်စီးပေါ်မှ PDF အကြမ်းဖက်သမား ၂ ဦးအား လက်လုပ်များဗုံးများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၊ ဘုရားငုတ်တိုကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီကျော်အချိန်က အငှားယာဉ်တစ်စီးပေါ်မှ PDF အကြမ်းဖက်သမား ၂ ဦးအား လက်လုပ်များဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

ဒီဇင်ဘာလ ၉ ရက် ညနေ ၄ နာရီ ၄၀ အချိန်က တွံတေးမြိုနယ်၊ ဘုရားငုတ်တိုကျေးရွာ၊ တွံတေး-ဒလ ကား လမ်းတွင် ဒလဘက်မှ မောင်းနှင်လာသည့် YGN EE/1492 ယာဉ်ကို လုံခြုံရေးတပ်ဖွဲဝင်များမှ ရှာဖွေစစ်ဆေး ခဲ့ရာ တွံတေးမြိုနယ် PDF အကြမ်းဖက်သမား ၂ ဦးကို ဖောက်ခွဲရန်ပြင်ဆင်ထားသော PVC လက်လုပ်ဗုံး ၃ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။