စားကျက်ပင်အတွက် ပဲပန်းပင် စိုက်ပျိုးခြင်း

မြေလျှောက်ပင်ဖြစ်၍ ထူထပ်စွာပေါက်ရောက်သည်။ နက်ရှိုင်းစွာထိုး ဖောက်နိုင်သော အမြစ်ရှိ၍
အပူပိုင်းစိုပြီး အရိပ်ရသောအပင် များအောက်တွင် စိုက်ပျိုးနိုင်၏။ မြန်မာနိုင်ငံတွင် သရက်စိုက်ခင်း
များအောက်တွင် မြေဆီလွှာထိန်းသိမ်းနိုင်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ရန် စိုက်ပျိုးနိုင်သည်။
စားကျက်ခင်းများတွင် မြက်မျိုးများနှင့် ရောနှောစိုက်ပျိုးနိုင်သည်။
ထိုသို့စိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
(၁) အာဟာရပြည့်သော တိရစ္ဆာန်အစာရရှိနိုင်ပြီး အစာနုကုန်ကျစရိတ်လျှော့ကျစေပါသည်။
(၂) အဆစ်မှ ထွက်သော အမြစ်များဖြင့် မြေပေါ်တွင် ပျံ့နှံ့နိုင်သည်။ ရေတိုက်စား သောဒေသများတွင်
ရေတိုက်စား မှုကာကွယ် နိုင်ရန်စိုက်ပျိုးနိုင်သည်။
(၃) အသားဓါတ်ပါဝင်မှုမှာ (၁၅- ၂၀%) ဖြစ်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ငါး စသည့်
တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။
(၄) ထုတ်လုပ်မှုတွင် ကုန်ကျစရိတ် သက်သာသော ပဲနွယ်ပင် တစ်မျိုးဖြစ်သည်။ အစေ့ထုတ်ခြင်း၊
အဆစ်ဖြတ် စိုက်ပျိုးခြင်း ပြုလုပ်နိုင်သည်။ အသီးတစ်ခုလျှင် အစေ့ (၁-၂) စေ့ ပါဝင်သည်။
အစေ့စိုက်ပျိုးခြင်းထက် အဆစ်ဖြတ် စိုက်ပျိုးခြင်းကို ပိုမိုပြုလုပ်ကြသည်။
(၅) အစေ့ စိုက်ပျိုးခြင်းသည် အဆစ်စိုက် ပျိုးခြင်း ထက် အမြစ်သန်စွမ်းမှု ပိုမိုအားကောင်းသည်။
ရေလွှမ်း မိုးမှုခံနိုင်ပြီး ခြောက်သွေ့ချိန် တွင် ရေလိုအပ်မှုရှိသည်။ တစ်နှစ်လျှင် (၄) လ အထိ
ခြောက်သွေ့မှု ခံနိုင်သည်။ သဲအနည်းငယ်ဆန်သောမြေ၊ ရေဝပ်ပြီးစိုစွတ် သောမြေများတွင် ပိုမိုနှစ်သက်သည်။
အပူချိန်မှာ (၂၂-၂၈) ဒီဂရီဆင်တီဂရိတ် တွင်ပိုမိုနှစ်သက်သည်။
စိုက်ပျိုးခြင်း
အပင်အဆစ်ဖြတ်စိုက်ပျိုးခြင်း၊ အစေ့စိုက်ပျိုးခြင်းပြုလုပ်နိုင်သည်။ အစေ့စိုက် ပျိုးခြင်းသည် အမြစ်ဖြစ်
ပေါ်မှုမြန်စေပါသည်။ စိုက်ပျိုးမည့် မျိုးစေ့များကို (၄၀) ဒီဂရီးစင်တီဂရိတ်တွင် သိုလှောင်ထားရန်လိုပြီး
အေး၍ခြောက်သွေ့သောနေရာတွင် ထိန်းသိမ်းရန်လိုအပ်သည်။ မျိုးစေ့ များကိုရိတ်သိမ်းပြီး (၁၀) လ
အတွင်းသာ စိုက်ပျိုး သင့်ပါသည်။ (၁၀-၃၀) ကီလိုဂရမ်ကို (၂) ဧက စိုက်ပျိုးနိုင်သည်။
အဆစ်စိုက်ပျိုးလျှင် (၂-၅) စင်တီမီတာ မြေအောက်မြှုတ်၍ စိုက်ပျိုး နိုင်သည်။