YBS 42 နဲ့ အငှားကားတို့ တိုက်မိပြီး ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက် ဒဏ်ရာရရှိ

ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်-ပြည်လမ်း ခရေပင်လမ်းခွဲအနီး YBS 42 နဲ့ အငှားကားတို့ တိုက်မိလို့ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်ရပ်ကို သွားရောက်ကူညီခဲ့သည့် ပရဟိတ အသင်းသားတစ်ဦးက ပြောပါတယ်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့ နယ်၊ခရေပင်လမ်းမပေါ်၊ ခရေပင်လမ်းခွဲမီးပွိုင့်အနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဘောလုံးကွင်းရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းယာဉ်တိုက်မှု ဖြစ်စဉ်အတွင်း အငှားကား ပေါ်လိုက်ပါလာသည့်၃ ဦးအနက် အသက် ၂၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးကာ ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ အငှားယာဉ်မောင်း ဖြစ်သူမှာ ကားအတွင်း ညပ်နေတာကြောင့် လူမှုကူညီရေးအသင်းဖြစ်သည့် တက်နေထွန်းရှင်သန်ရေးကူညီမှုမိသားစု (TNT RESCUE) က အချိန်နှင့်တစ်ပြေးညီ လူနာအား အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့ပြီး ကြယ်စင်မေတ္တာအသင်း (တညင်းကုန်း) အရေးပေါ်လူနာတင်ယာဉ်ဖြင့်မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ရန်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။