ကျားသိုက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့

ဒီဇင်ဘာ ၆ ရက်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ် ပေါက်ချောင်း(အလယ်စု) ကျေးရွာမှ
ကျောင်းထိုင်ဆရာတော်ဘုန်းဘုန်းနဲ့ မူလွန်ကျောင်းအုပ်ကြီးတို့ကို
အကြမ်းဖက်သမားများက ရက်ရက်စက်စက် tတ်ဖြတ်ခဲ့ပြီး
ဆရာမ ၄ ဦးအား ဖမ်းဆီးသွားခဲ့ပြီးနောက်
ဖမ်းဆီးခံထားရတဲ့ ဆရာမများကို ရှာဖွေရန်နဲ့ လူtတ်အကြမ်းဖက်သမားတွေကို ဖမ်းဆီးရန်
လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရှာဖွေစဉ်
ကျားသိုက်ကျေးရွာအနီး အကြမ်းဖက်သမား ၃၀ ဦးခန့်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး-
-အကြမ်းဖက်သမား ၂ လောင်း
-အိန္ဒိယနိုင်ငံထုတ်စနိုက်ပါ ၁ လက်
-လက်လုပ်သေနတ် ၁ လက်-ကျည်အိမ် ၁ ခု-ကျည် ၃ တောင့်တို့ သိမ်းဆည်းရမိခဲ့ဟု သိရှိရပါတယ်…