တပ်ဖွဲ့များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအဖွဲ့တို့က သွားရောက်ဂုဏ်ပြုဖျော်ဖြေ

ဒီဇင်ဘာ ၇ရက်က တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးစေရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြကာ ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရှိရပါတယ်။