သီးထိုးယင်တွေဖမ်းကြမယ်

ကိုယ်စိုက်ပျိုးတဲ့အပင်ကနေ အသီးလေးတွေသီးတဲ့အခါ အရမ်းပီတိဖြစ်ရပါတယ်နော်။ ဒါပေမဲ့ သီးထိုးယင်တွေထိုးလို့
အသီးက စားလို့မရဖြစ်သွားရင်တော့ စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒါကြောင့် သီးထိုးယင်တွေကို ကာကွယ်ဖို့
သီးထိုးယင်ဖမ်းတဲ့ထောင်ခြောက်လုပ်နည်းကို ပြောပြပေးသွားပါမယ်ရှင်…
ထောင်ခြောက်လုပ်နည်းကတော့ လွယ်ပါတယ်နော် ရေသန့်ဗူးခွံအဟောင်းသာလိုအပ်ပါတယ်။
(၁) ပထမဆုံး ရေသန့်ဘူးခွံကို ထိပ်ပိုင်း ၃လက်မလောက်ဖြတ်လိုက်ပါ။
(၂) အောက်ကဘူးကြီးကို အပင်ပေါ်မှာ ချိတ်ဆွဲထားလို့ရအောင် အပေါက်ဖောက်ပြီး ကြိုးနဲ့
ချည်ရပါမယ်။
(၃) ထောင်ခြောက်အတွက် အဓိကလိုအပ်မယ့် အရည်ကိုပြင်ဆင်ရပါမယ်။
နည်းလမ်းများစွာရှိသည့်အနက် အသုံးဝင်မည့်နည်းလမ်းများကို ပြောပြပေးသွားပါမယ်ရှင်…
နည်းလမ်း (၁)
(၁) သခွားသီး အမှည့် (၁) ခွက် (၂၀၀) စီစီ
(၂) ပျားရည် (၁) ခွက် (၂၀၀) စီစီ
(၃) ဗယ်နီလာ အမွှေးရည် (၁) ဇွန်း (လက်ဖက်ရည်ဇွန်း) ၅စီစီ
(၄) ဆေးဂန္ဓမာအပွင့် ၀.၂၅ ကျပ်သား (၅) ဂရမ်
(၅) ရေ (၁၀) လီတာ
ဆေးဂန္ဓမာအပွင့် အခြောက် (၀.၂၅) ကျပ်သားကို အမှုန့်ထောင်းပြီး ရေတစ်လီတာတွင် ရောမွှေသမပါ။
ဆေးဂန္ဓမာအပွင့်အမှုန့်များ သမသွားပြီဆိုမှ ကျန်အမယ်များကို အချိုးကျကျထည့်ကာ ရောမွှေသမပေးပါ။
ရေ ၁၀ လီတာကို နည်းနည်းချင်းထည့်၍ မွှေပေးခြင်းဖြင့် ကောင်းစွာသမစေပါသည်။ ထောင်ချောက်တစ်ခုလျှင်
၁၅၀ စီစီထည့်၍ အသုံးပြုပါ။
နည်းလမ်း (၂)
(၁) ပင်စိမ်းရွက် (၁.၅) ကျပ်သား ၂၅ ဂရမ်
(၂) သံပရာရည် (၁၃) ဇွန်း (ထမင်းစားဇွန်း) ၂၀၀ စီစီ
(၃) ဆေးဂန္ဓမာအပွင့်/ ဆေးရွက်ကြီးမှုန့် (၁) ဇွန်း ထမင်းစားဇွန်း
(၄) ရေ (၂၀၀) စီစီ
ပင်စိမ်းရွက် (၁.၄) ကျပ်သားကို ထုထောင်းချေမွ၍ ရေ ၁၀၀ စီစီတွင် ဖျော်စပ်ထားပါ။ ဆေးဂန္ဓမာ အပွင့်မှုန့်
သို့မဟုတ် ဆေးရွက်ကြီးမှုန့် တစ်ဇွန်း (ထမင်းစားဇွန်း) ကိုကျန်၍ ၁၀၀ စီစီတွင် သမအောင်မွှေပေးပါ။
ထို့နောက်ဖျော်ရည်နှစ်မျိုးကို ရောစပ်ပြီး သံပရာရည် ၁၃ ဇွန်းထပ်မံရောစပ်၍ အသုံးပြုပါ။
ဤမျှားစာဖျော်ရည်ကို ခွက်တွင် ထည့်၍သခွားမွှေးသီးခင်း အနီးတွင်
ဝါးတိုင်/ တုတ်တိုင်ထောင်ကာ ချိတ်ဆွဲထားပေးပါ။
တစ်ပတ်တစ်ကြိမ်စာ မျှားစာဖျော်ရည်ကို လဲလှယ်ပေးပါ။ သခွားမွှေးသီးပင် အရွယ်အစားလိုက်၍ တစ်ပင်လျှင်
၃ ခုမှ ၅ ခုအထိ ချိတ်ဆွဲထားပါ။
နည်းလမ်း (၃)
(၁) လက်ဖက်ရည်ကြမ်း (၁) ခွက် (၂၀၀ စီစီ)
(၂) ရှာလကာရည် (၁) ခွက် (၂၀၀ စီစီ)
(၃) ပျားရည် (၁) ဇွန်း (ထမင်းစားဇွန်း)
(၄) ရေ (၂) ခွက် (၄၀၀ စီစီ)
ပလတ်စတစ်ရေသန့်ဘူးတစ်ဘူးတွင် အောက်ခြေမှ ၃ လက်မ အကွာတွင် ၀.၂၅ လက်မအရွယ် အပေါက် ၄ ပေါက်ဖောက်ပါ။
အပေါက်များတွင် အချိုရည် ပိုက်အကြီးတစ်လက်မအရှည်ဖြတ်၍ ထည့်ပေးပါ။ အထက်ဖော်ပြပါ ပစ္စည်းများကို အချိုးကျ
ဖျော်စပ်ပေးပြီး ပုလင်းအဝမှနေ၍ တစ်လက်မထုရရန် လောင်းထည့်ပေးပါ။ ထို့နောက် အဖုံးပိတ်၍ သခွားမွှေးသီးပင်အနီးတွင်
ထောင်ထားသော ဝါးတိုင်တွင် ချိတ်ဆွဲပေးပါ။ တစ်ပတ်လျှင် ၃ ခုမှ ၅ ခုထိ ချိတ်ဆွဲထားပါ။
နည်းလမ်း (၄)
သစ်သီးမှည့်ဖျော်ရည်တွင် သကြားအနည်းငယ်ဖြည့်စွက်ထားပြီး ပလတ်စတစ်ရေသန့်ဘူး ထောင်ချောက်တွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။