မွေးနေ့ဆုတောင်းများစုစည်းရာ

တကန ဟိုပုံးမှ အင်္ဂျီနီယာဒီပလိုမာ သင်တန်းတက်ရောက်နေသူ ကသအမှတ် ၂၅၃ သင်တန်းသား စောလွင်အတွက် ကလောမြို့နေ ညီမဖြစ်သူ နန်းအိအိအောင်မှ ၂-၈-၂၀၂၂ တွင်ကျရောက်သော ၁၈ နှစ်မြောက်မွေးနေ့မင်္ဂလာအတွက် ရဲဝံ့စွန့်စား ပြည်ချစ်သား တွင် တောင်းဆိုသော မွေးနေ့ဆုမွန်အနေနဲ့..

Birthday Wish

ယနေ့ကျရောက်တဲ့ မွေးနေ့မှာ ချစ်ခင်သူ သူငယ်ချင်း ဆွေမျိုး မိဘ မောင်နှမများနဲ့အတူ အသက် ၁၂၀ ကျော်တိုင် ကျန်းမာချမ်းသာစွာဖြတ်သန်းနိုင်ပြီး နိုင်ငံသားကောင်းလူတော်လူချွန်တစ်ယောက်ဖြစ်ပါစေလို့ အစ်ကိုညီမ ဆုတောင်းပေးပါတယ်။ အိမ်ကို ပုံမှန်ဖုန်းဆက်ပေးပါ။ ညီမလေး နန်းအိ (ကလော)