မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အတွေးပေါက်ကို ပိတ်ပေးပါ

အတွေးပိုတွေကို
လျှော့ချတတ်လာတဲ့နောက်ပိုင်းမှာ
ဘ၀က ပိုချမ်းသာလာတယ် ။

အကောင်းတွေကို
ဖြည့်တွေးတတ်လာတဲ့အခါမှာ
ဘ၀ကအဆင်ပြေပြေရှိလာတယ် ။

မဆိုင်တာတွေကို
အချိန်မပေးတော့တဲ့နောက်ပိုင်းမှာ
ကိုယ့်ဘ၀ဟာ ပိုပိုင်ဆိုင်လာတယ် ။

ကိုယ့်လောကနဲ့ကိုယ်
ကြည့်နေတတ်လာတဲ့အခါမှာ
ကိုယ့်ဘ၀ဟာ ရှင်းလင်းလာတယ် ။

လူတိုင်းမှာသူအကြောင်းနဲ့သူရှိသလို
သူ့နေရာနဲ့သူလည်းရှိပါတယ် ။

သူများအကြောင်းတွေကို
ကိုယ့်ထဲထည့်ထားမိရင်ပိုရှုပ်လာသလို

သူများနေရာကို ဝင်ပါမိနေရင်လည်း
ကိုယ့်စိတ်တွေ ပင်ပန်းရပါတယ် ။

ကိုယ့်အတွေး တံခါး၀ကိုပိတ်ပြီး
ကိုယ့်နေရာလှအောင်ကြိုးစားရင်
ဘ၀က ပြည့်စုံစွာ နေရနိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏