ဘုတိုဘဝ…. အလွဲများ..(၁)

ဟာ….. သွားပြီ….

သွားခါနီး… လာခါနီးမှ….. လုပ်ပြီကွာ ……

စစ်ထွက် ကော်လာတံဆိပ် နောက်က သံလိုက်ပြား… ဘယ်လွင့်သွားမှန်းမသိဘူး…..(ချွေးပါပြန်နေပြီ…… ဆောင်းတွင်းကြီးကို)

ဒီမနက် ….. လေ့ကျင့်ရေးညှိနှိုင်းအစည်းအဝေးရှိတယ်…. အဲ့မှာကိုယ်က (ဘုတို….) အစည်းဝေးမစခင် အခန်းတံခါးဖွင့် …. ပြက္ခဒိန် ရက် အကွက်လေးရွေ့ ပြီး အစည်းအဝေးခန်းမှာ ခုံတွေဘာတွေညှိရတာပေါ့ ……

အဲ့အတွက် …. ညတည်းက ယူနီဖောင်းပြင် ….. လိုတဲ့ မှတ်စုစာအုပ်တွေဘာတွေ…. ကိုယ်ကိုင်တဲ့ တပ်စုက သင်တန်းသူ…. စာရင်းမှတ်တမ်း ..စာရွက်တွေဘာတွေ အကုန် လက်ဆွဲအိတ်ထဲထည့်ပြင်ဆင်ပြီးသားပါ……

၇ နာရီ တန်းစီပြီးတာနဲ့ … ၇:၃၀ အစည်းဝေးဝင်ရမှာလေ…..

(ကြိုပြင်ထားတာကိုပဲ …. တပ်ထားတဲ့ ကော်လာတံဆိပ်နောက်က သံလိုက်က …. ဘယ်ကျလွင့်သွားမှန်းမသိဘူး ….( လုပ်ကြပါအူးဟ……သူငယ်ချင်းတွေလည်း ပြာနေပြီ… ဘုတိုအစ …. ပထမဆုံးအစည်းအဝေးလေ….)

အဲ့မှာစတာပဲ….. (ကိုယ့်အခန်းဖော်က …. အူယားဖားယားနဲ့…… အပြေးအလွှားလှန်လှောရှာပြီး….အားရဝမ်းသာနဲ့,,,,,,, “အသက်ရေ့ တွေ့ပြီဟေ့”)……ဟာ

ဘာမှစိတ်ပူမနေနဲ့….. သံလိုက်နဲ့ဟာမတွေ့လည်း ….. သံကော်လာတံဆိပ်အမဲ….တပ်လို့ရတယ်လေဟာ…ဆိုပြီး…လုပ်တော့ …” ဟာ…အေး… ဟုတ်သားနော့။”

“ဒီမှာ ငါ …ဗိုလ်လောင်တုန်းက … အပိုဝယ်ထားတဲ့… ကော်လံတံဆိပ်အမဲ အသစ်ရှိတယ်….. နင် ယူလိုက်တော့ … လုပ်လုပ်မြန်မြန်ဆိုတော့ …..”။        ကိုယ့်မှာဝမ်းသာအားရ ….. ကောက်တပ်ပြီး ..(ကျေးဇူးပဲဟာ)….

ငါသွားပြီနော်….”အေးအေး”      (ကိုယ်လည်း ယူနီဖောင်းအပြည့်အစုံနဲ့ ဆိုး စမတ် တွေပေါ့ ……

အစည်းဝေးခန်းမှာလည်း… ကိုယ်လုပ်ရမဲ့ အလုပ်တာဝန်တွေ…. အကုန်လုပ်ပြီး …. (ကျေကျေနပ်နပ်ကြီး…. ပြုံးလို့ … တတ်ကြွတဲ့ ကြက်ဖပေါ့။)

စပြီ….အစည်းဝေးခန်းထဲလူတွေအကုန်စုံနေပြီ……( ဘယ်သူမှ… ကိုယ့်ကို သတိမထားမိတော့ ကိုယ်လည်း သတိကိုယ်မရတာ…. အားလုံးအဆင်ပြေနေတာလေ)

ကျောင်းအုပ်ကြီး …. အစည်းတေးခန်းထဲဝင်လာရော… အကုန်ထ (အလေးပြုပြီး….ပြန်အထိုင်)/…….. ဟိုဘုတို… ???(ဘယ်သူပေါ့) ကိုယ်ကနာမည်ဆန်းတော့ ကျောင်းအုပ်ကြီးသိနေတယ်….(ရှန်..အဘ) ….. “ နောက်အပတ်…လေ့ကျင့်ကျင့်ရေးညှိနှိုင်းအစအဝေးနေ့ … လ္ဘက်ရည်တိုက်ဖို့ လုပ်……(ရှန်….)…..(သိလား…. ဘာလို့လဲ?…မသိပါဘူးအဘ….(ကော်လံတံဆိပ်က ဘယ်လိုဖြစ်….)ဟုတ်..ဟုတ်..အဘ သမီး မနက် နောက်ပိတ်သံလိုက်ပျောက်သွားလို့ ….. ဗိုလ်လောင်းတုန်းက မသုံးရသေးတဲ့ အသစ်လေးတပ်လာတာပါအဘ…..(ဟား….ဟား…….ဟား….) တစ်ခန်းလုံးအဲ့ကျမှ ဝါးလုံးကွဲ ရယ်နေတာတောင်…(ဘာဖြစ်မှန်ကိုယ့်ကိုမသိသေး…..)…. ပြီးခါမှ …..သိတော့တယ်…(ဟိုက်… သွားပြီ)… နောက်တပတ်တော့ လူ၂၀စာ ကျွေးရပြီ….. ဒီနေ့ကံမကောင်းပါလား……

#suyee