မှန်မှန်ကန်ကန်မျက်နှာသစ်နည်း

မျက်နှာသစ်နည်းမမှန်ရင် မျက်နှာအရေပြားကို ထိခိုက်နိုင်တာမို့ မျက်နှာသစ်တဲ့အခါ လုပ်ဆောင်သင့်တာလေးတွေ
မျှဝေပေးလိုက်ပါတယ်။
(၁) မျက်နှာသစ်တော့မယ်ဆိုတာနဲ့ အရင်ဆုံးလုပ်ရမှာက လက်ဆေးဖို့ပါ။
အဲဒီလိုမလုပ်ဘူးဆိုရင် အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို မျက်နှာဆီပို့လိုက်သလို ဖြစ်သွားပါတယ်။
(၂) မျက်နှာနဲ့ လက်နဲ့မထိတွေ့ခင်မှာလည်း ဆပ်ပြာတွေ ပြောင်အောင်ဆေးကြောပစ်ဖို့လိုပြီး ဒါမှသာ ဆပ်ပြာက
ဓာတုဆေးတွေကြောင့် မျက်နှာအရေပြား ယားယံတာမျိုး မဖြစ်မှာပါ။
(၃) မိတ်ကပ်လိမ်းထားမိရင်လည်း မျက်နှာမသစ်ခင် ဂွမ်းဖတ်လေးကို သံလွင်ဆီ၊ အုန်းဆီသုတ်ပြီး မိတ်ကပ်အရင်
ဖျက်သင့်ပါတယ်။
(၄) မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ ဆဲလ်တွေ ဖယ်ရှားသလို
ဖြစ်စေတာကြောင့် မနက်အိပ် ရာထချိန်နဲ့ ညအိပ်ရာဝင်ခါနီးနှစ် ကြိမ်လောက်ပဲ သစ်ပေးသင့်ပါတယ်။
(၅) မျက်နှာသစ်ဖို့အတွက်ဆိုရင် အော်ဂဲနစ်ဆပ်ပြာဒါမှမဟုတ် အရေပြားနူးညံ့စေတဲ့ မျက်နှာသစ်ဆေးမျိုး ရွေးချယ်
သင့်ပါတယ်။
(၆) စိတ်ကြည်လင်လန်းဆန်းချင်တယ်ဆိုရင်တော့ လာဗန်ဒါအဆီလေး တစ်စက်နှစ်စက်လောက် ရေထဲထည့်ပြီး
သစ်ပေးနိုင်ပါတယ်။
(၇) ရေချိုး၊ ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းကိုသေချာသန့်စင်အောင်လျှော်ပြီးမှ မျက်နှာသစ်တာမျိုး
လုပ်သင့်ပါတယ်။ တချို့ ခေါင်းလျှော်ရည်တွေနဲ့ ဆံပင်ပျော့ဆေးတွေမှာ ချွေးပေါက်ပိတ်စေပြီး အရေပြားယားယံ၊
ဝက်ခြံပေါက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာမို့ ခေါင်းသေချာလျှော်ပြီးမှ မျက်နှာသစ်သင့်ပါတယ်။
(၈) မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါမှာလည်း အမှတ်တံဆိပ်သာမက ပါဝင်ပစ္စည်းတွေက ဘာတွေသုံးထားသလဲဆိုတာ
စစ်ဖို့က အရေးအကြီးဆုံးပါပဲ။ သဘာဝပစ္စည်းတွေနဲ့ပဲ ထုတ်ထားတဲ့ အလှကုန်မျိုးကိုတော့ ဦးစားပေးရွေးချယ်ရမှာပါ။
(၉) မျက်နှာပြင်ကို ကြမ်းကြမ်းတမ်းတမ်း ကြေးချွတ်ဆေးကြောတာဟာ အရေပြားယားယံမှုဖြစ်စေတာကြောင့်
ညင်ညင်သာသာ လေးနှိပ်နယ်ပွတ်သပ်ပြီး မျက်နှာသစ်သင့်ပါတယ်။
(၁၀) မျက်နှာအရေပြား ခြောက်သွေ့နေတုန်းမှာ မျက်နှာသစ်ဆေးတွေနဲ့ ပွတ်တာမျိုးရှောင်ရမှာဖြစ်ပြီး မျက်နှာသုတ်ပဝါ
ဒါမှမဟုတ် အဝတ်သန့်သန့်လေးနဲ့ မျက်နှာကို စိုစွတ်အောင်လုပ်ပြီးမှသာ သုံးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထား
ရမှာက မျက်နှာသုတ်တဲ့ အဝတ်တွေကို နှစ်ရက်ထက်ပိုပြီး မသုံးသင့်တဲ့အချက်ပါ။ မဟုတ်ရင်တော့ စိုထိုင်းထိုင်းနဲ့ ညစ်ပတ်ပြီး
ရောဂါပိုးတွေ ကပ်နေနိုင်ကာ အရေပြားယားယံစေနိုင်လို့ ဖြစ်ပါတယ်။
(၁၁) အသားအရေလေးတွေကသာ စကားပြောတတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တစ်နေ့တာဖြတ်သန်းနေရတာ လှုပ်ရှား
နေရတာနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ တော်တော်လေး ညည်းညူပြောဆိုကြမယ်ထင်ပါတယ်။ ဒီလိုတွေ နေ့စဉ်
သွားလာနေရလို့ ကိုယ့်ရဲ့မျက်နှာပြင်လေးကို ကောင်းမွန်စွာမျက်နှာသစ်ခြင်း မပြုလုပ်ပေးဘူးဆိုရင်တော့
မျက်နှာလေးဟာညိုမည်းခြင်းတွေ ဖြစ်ပေါ်လာမှာအမှန်ပါပဲ။
ဒီနည်းလမ်းအဆင့်အတိုင်း လိုက်နာသွားမယ်ဆိုရင် သင့်အသားအရေလေးဟာ ပျက်ဆီးခြင်းကင်းဝေးလို့ စိုပြေလှပနေမှာပါ။
ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် အသားအရေတွေ ပျက်ဆီးသွားမှ ကုသခြင်းထက်
မပျက်ဆီးသေးခင်ကတည်းက ဒီလိုလွယ်ကူတဲ့ အဆင့်လေးတွေနဲ့ ကာကွယ်သွားမယ်ဆိုရင် အချိန်ကုန် ငွေကုန်သက်သာပြီး
ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ရရှိမှာပဲဖြစ်ပါတယ်။