ကျဆုံးလေပြီးသောသူရဲကောင်းစစ်သည်များအတွက် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ကျတဲ့ ခေတ်အဆက် ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနဲ့ အလေးပြုခြင်း အခမ်းအနားကိုသူရဲကောင်းဗိမာန်(နေပြည်တော်မှာ ကျင်းပ ပြုလုပ်ပါတယ်။

အဆိုပါ ဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်မှအရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်း(အငြိမ်းစား)နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအသင်း၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။

တက်ရောက်လာကြသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက် ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် လေးချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

တိုင်းပြည်အတွက် အသက်ပေးလှူသွား ခဲ့ကြသည့် သူရဲကောင်းစစ်သည်များ အား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာ ဘုံဘဝရောက် ရှိစေရန် မိုးပျံပူဖောင်းများလွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကာ လွမ်းသူ့ပန်းခြင်း များဖြင့် ဂါရဝပြုခြင်း ကျဆုံးစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။