မျက်နှာပုံစံနဲ့လိုက်ဖက်မယ့်ဆံပင်ညှပ်နည်း

ဆံပင်ပုံပြောင်းတော့မယ်ဆိုရင် ကိုယ့်မျက်နှာနဲ့လိုက်မှ လိုက်ပါ့မလားလို့ စိတ်ပူတတ်ကြပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ဆံပင်ပုံစံ ရွေးချယ်နိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်…။ မျက်နှာက အသည်းပုံ ပုံစံဆိုရင်


မေးစေ့ချွန်တဲ့ နှလုံးပုံမျက်နှာပိုင်ရှင်တွေက ပါးပြင်နဲ့ မျက်စိကို အာရုံကျစေမယ့် ဆံပင်ပုံထားသင့်ပါတယ်။
(၁) ဆံပင်ပခုံးပေါ်ဝဲတဲ့ စတပ်ပုံစံ
(၂) ပခုံးပေါ်ဝဲတဲ့ ဆံပင်အကောက် ပုံစံ
(၃) ပိုနီတေးဘေးတစ်စောင်းစည်း ထားတဲ့ပုံစံ
သင့်မျက်နှာက လေးထောင့်ပုံဆိုရင်


စတုရန်းပုံမျက် နှာပိုင်ရှင်တွေက ပါးပြင်ကိုဖုံးပြီး နူးညံ့တဲ့ဆံပင်ပုံမျိုး ထားသင့်ပါတယ်။
(၁) စတပ်အများကြီးပါတဲ့ ဆံပင်ပုံစံ
(၂) ဆံပင်အရှည်အကောက်ပုံစံ
(၃) ဆံပင်ကုပ်ဝဲ အဖြောင့်ပုံစံ
သင့်မျက်နှာက ဘဲဥပုံဆိုရင်


ဘဲဥပုံ မျက်နှာပိုင်ရှင်တွေက
ဘယ်ဆံပင်ပုံနဲ့မဆို လိုက်ပါတယ်။
(၁) ပခုံးအထိရှည်တဲ့ ဆံပင်ပုံစံ
(၂) ဆံပင်အကောက်ပုံစံ
(၃) ဆံပင်ကုပ်ဝဲပုံစံ
သင့်မျက်နှာက စက်ဝိုင်းပုံဆိုရင်


စက်ဝိုင်းပုံမျက်နှာက မျက်နှာကျရှည်တဲ့ ပုံစံထင်ရစေမယ့် ဆံပင်ပုံထားသင့်ပါတယ်။ ဆံပင်ကို ပခုံးနေရာထက် ပိုတိုအောင်မညှပ်ပါနဲ့။
(၁) ဆံပင်အဖြောင့်အရှည်
(၂) ရှေ့ဆံပင်အရှည်
(၃) ဆံပင်အကောက်ကို ပိုနီတေး စည်းထားတဲ့ပုံစံ
သင့်မျက်နှာက ထောင့်မှန်စတုဂံပုံဆိုရင်


ထောင့်မှန်စတုဂံပုံမျက်နှာပိုင်ရှင်တွေက မေးရိုးနဲ့မေးစေ့ကို အာရုံကျစေမယ့် ဆံပင်ပုံထားသင့်ပါတယ်။
(၁) ရှေ့ဆံပင်ချထားတဲ့ ဆံပင်ရှည်ပုံစံ
(၂) ရှေ့ဆံပင်ချထားတဲ့ ဆံပင်အကောက်ပုံစံ
(၃) ရှေ့ဆံပင်ချထားတဲ့ ကုပ်ဝဲပုံစံ