ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများ(ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

ဒီဇင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် နေပြည်တော်တိုင်း
စစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦးအတွက်
တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းမှ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်
ပစ္စည်းများအား (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။