ရလဒ် မတူတာဘာကြောင့်လဲ???

စီးပွားရေးလုပ်နေတာခြင်းအတူတူ…
တချို့က အရမ်းအောင်မြင်ပြီး…
တချို့က ပျောက်ကွယ်သွားတတ်ကြတာ..ဘာကြောင့်လဲ???

ရှင်းပါတယ်!! ခံယူချက်ခြင်းမတူလို့ပါ!!

အပေါ်ယံလောက်ဘဲ သဘောထားပြီးလုပ်နေမယ်…
အပိုဝင်ငွေလောက်ဘဲ သဘောထားနေမယ်ဆိုရင်…
အပိုဝင်ငွေဘဲ ရနေပါလိမ့်မယ်!!!

ဒီစီးပွားရေးနဲ့ တကယ်အောင်မြင်ရမယ်လို့..
ခံယူချက်ပြင်းထန်တဲ့သူကတော့..မအောင်မြင်မချင်း
နည်းလမ်းတွေရှာပြီး လုပ်နေတဲ့အတွက် အောင်မြင်ရခြင်းဖြစ်ပါတယ်!!

အလုပ်လုပ်တဲ့အခါ…စတင်ပြီးရင် ပြီးဆုံးအောင်လုပ်တတ်တဲ့အကျင့်ကို မွေးမြူပါ!!

အပေါ်ယံလေးဘဲဝတ်ကျေတန်းကျေမလုပ်ပါနဲ့!!

ကိုယ်စိုက်တဲ့အပင်ကိုကိုယ်တိုင်ရိတ်သိမ်းရတတ်လို့ပါ!!

အကောင်းဆုံးလုပ်တတ်တဲ့အကျင့်..မအောင်မြင်မချင်းနည်းလမ်းရှာတတ်တဲ့အကျင့်ကို မွေးမြူပါ!!

ဘယ်အရာအပေါ်မှာဘဲဖြစ်ဖြစ် မလုပ်ချင်ရင် အစထဲက
မလုပ်ခဲ့ပါနဲ့!!
စတင်ပြီးပြီဆိုရင်တော့ ရေကုန်ရေခမ်းနဲ့..အကောင်းမွန်ဆုံး လုပ်ဆောင်ပါ!!