တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူးစေရန်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နေမအားညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့် တပ်ဖွဲ့များ တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်နှင့် ဘဝအမောများ ပြေပျောက်စေရန်အတွက်(MRTV)မှ ဖျော်ဖြေရေး၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ က ကျောပိုးအိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ  ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများသို့  မိသားစုများ ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျ သွားရောက် ဂုဏ်ပြု ဖျော်ဖြေသီဆို ကပြ လျက်ရှိသည်။

ဒီဇင်ဘာ ၂ ရက်နှင့် ယနေ့တို့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ရှေ့တန်းစခန်များနှင့် မြဝတီ၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီးတို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ (MRTV)မှ ဖျော်ဖြေရေးအဖွဲ့သူအဖွဲ့သားများ၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ခေတ်ပေါ်တေးသီချင်းများ၊ ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ရှေ့တန်းစခန်းများ နှင့် တပ်ရင်းဌာနချုပ်များရှိ တပ်မတော်သားများနှင့် မိသားစုဝင်များ၊  နယ်ခြားစောင့် တပ်ဖွဲ့များက လုံခြုံရေးအရ အလှည့်ကျစနစ်ဖြင့်  စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာ ဖြင့် ကြည့်ရှုအားပေး၍ စစ်သည်များမှာလည်း လွတ်လပ်ပေါ့ပါးစွာသီဆို ကြပါတယ်။