နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ရန် စစ်ရေယာဉ်(ကျန်စစ်သား) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာ

ဒီဇင်ဘာလ ၁ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ
(International Fleet Review-IFR) သို့ တက်ရောက်ရန်အတွက် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)သည် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှထွက်ခွာခဲ့တယ်လို့ သိရှိရပါတယ်။ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ကျန်စစ်သား) အပါအဝင် နိုင်ငံတကာမှစစ်ရေယာဉ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။