ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် ACPLF နှင့် AFFအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ပြီး
ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် ACPLF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဝေယံကောင်းထက်
(ခ)Lu Aye အား မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့ (၆)လမ်း၌ ဖမ်းဆီးရမိခဲ့ပါတယ်။
၎င်း၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား
အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက် လုယက်ခြင်းများ ဆောင်ရွက်ရန်စီစဉ်လျက်ရှိသည့် တရားခံ
ကျား ၉ ဦး အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ
ဖမ်းဆီးရမိခဲ့ပါတယ်။
တရားခံများ၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ
ဆောင်ရွက်ရန် အတွက် ACPLF အမည်ခံအကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အဖွဲ့ဝင် ၁၃ ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၄ ကြိမ်၊ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၃ ကြိမ်
ကျူးလွန်ခဲ့ပြီး၊ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်းများကို
ညောင်လေးပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ KNLA တပ်မဟာ(၃) လှုပ်ရှား နယ်မြေမှ အကြမ်းဖက်အဖွဲ့များသည်
အကြမ်းဖက်ဖောက်ခွဲမှုဓာတ်ပုံများအား လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေ၍ ငွေကြေးကောက်ခံရယူရန် ရည်ရွယ်ခဲ့ကြောင်း သိရှိရပါတယ်။
တရားခံများ၏ ထွက်ဆိုချက်အရ ဘဏ်ဓားပြတိုက်မှုကျူးလွန်ပြီး ငွေကြေး များရရှိပါက အဆိုပါငွေကြေးများအား ၎င်းတို့၏
ကိုယ်ရေးကိုယ်တာ သုံးစွဲခြင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို
တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် လက်နက်ခဲယမ်းများ ထပ်မံဝယ်ယူရာတွင် အသုံးပြုသွားရန် ရည်ရွယ်ထားရှိကြောင်း သိရှိရပါတယ်။