ငါးပိရည်နဲ့လိုက်ဖက်တဲ့ မုန်လာချဉ်

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ငါးပိရည်နဲ့ထမင်းစားရင် အတို့အမြှုပ်လေးပါမှ ပိုပြီး
ထမင်းမြိန်တတ်ကြပါတယ်နော်။ ဒါ့ကြောင့် အရသာလည်းရှိ၊ အတို့လဲလုပ်လို့ရ၊ မြေပဲဆံလေးနဲ့
သုပ်စားလို့လဲရတဲ့ မုန်လာချဉ်လုပ်နည်းလေးကို အားလုံးသိအောင် ဝေမျှပေးလိုက်ပါတယ်နော်။
မုန်လာချဉ်လုပ်ရန်လိုအပ်သောပစ္စည်းများကတော့
မုန်လာဥ တတွဲ
ခါကျက်ဥနီ ၆လုံး
ရှာလကာရည် ၇ဇွန်း (လဘက်ရည်ဇွန်း)
သကြား ၁ဇွန်း (လဘက်ရည်ဇွန်း)
ဆားအနည်းငယ်
ပျားရည် ၁ဇွန်း (လဘက်ရည်ဇွန်း) တို့ဖြစ်ပါတယ်ရှင်
လုပ်နည်းကတော့
(၁) ပထမဦးစွာ မုန်လာဥများကို အနေတော်လှီးပါ။
(၂) ခါကြက်ဥနီကိုလည်း လှီးပါ၊ ပုံစံအလှလေးများ လှီးလို့လဲရပါတယ် နှစ်သက်သလိုပေါ့နော်။
(၃) ရှာလကာရည် ၇ဇွန်းကို ပန်းကန်တွင်ထည့်ထားပါ။
(၄) သကြား ၁ဇွန်းကို ရေကျက်အေးအနည်းငယ်ဖြင့်ဖျော်ပြီး သကြားပျော်သွားလျှင် ရှာလကာရည်ပန်းကန်ထဲရောထည့်ပါ
(၅) ဆားအနည်းငယ်ထည်းပြီး မွှေပါ။
(၆) အဆင်သင့်အကုန်လုပ်ပြီးပြီဆိုလျှင် ဟောလစ်ပုလင်း သို့မဟုတ် မိမိအချဉ်တည်လိုသော ဘူးတွင်
လှီးထားသော မုန်လာဥများနှင့်ခါကြက်ဥနီကို ရောထည့်ပါ။
(၇) ထည့်ပြီးလျှင် မွှေထားသော ရှာလကာနှင့်သကြားရည်ကိုလောင်းထည့်လိုက်ပါ။
(၈) အဖုံးလုံအောင်ပိတ်ထားပါ။ နောက်၃ရက်နေရင်တော့မုန်လာချဉ်ကြွပ်ကြွပ်လေး ရပါပြီရှင်။
မုန်လာချဉ်ကို သုပ်စား၍လည်းကောင်း ဒီတိုင်းအချဉ်သဘောမျိုးအဖြစ်လည်းကောင်း စားသုံးနိုင်ကြပါတယ်။