ငွေအမြန်ပေါ်မယ့် ငါးမွေးမြူရေးစနစ်အကြောင်း

ငါးခူ၊ ငါးကြင်း၊ ငါးရှဉ့်တွေကို ဗီယက်နမ်နည်းပညာနဲ့ စနစ်တကျ မွေးမြူနိုင်ဖို့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ
သင်တန်းတွေပို့ချလျက်ရှိနေပါတယ်။ သင်တန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနတွေမှာ
စုံစမ်းနိုင်ပါတယ်။ မြန်မာနိုင်ငံက မွေးမြူရေးငါးကန်တွေဟာ အကျယ်အဝန်း ၅ ဧကလောက်ကျယ်ဝန်းပြီး ငါးကန်ထဲမှာ
ငါးကောင် ရေ ၁၂၀ ခန့်ကို မွေးမြူနေတာကို တွေ့ရပါတယ်။ ရေလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ ဗီယက်နမ် ကဲ့သို့ နိုင်ငံမျိုးမှာ
ကန်သေးသေးလေးနဲ့ အကောင်ရေများများ မွေးမြူတဲ့နည်းကို ကျင့်သုံးနေပြီ ဖြစ်တာ ကြောင့် ကုန်ကျစရိတ်နည်းပြီး
အမြတ်ပိုရတဲ့ အခြေအနေရှိနေပါတယ်။
ငါးခူ၊ ငါးကြင်းမွေးမြူရေးမှာ သတိထားရမယ့်အချက်တွေ
(၁) တစ်ဧထက် မကြီးတဲ့ကန်နဲ့ မွေးသင့်ပါတယ်။
(၂) သဘာဝနည်းထက် ငါးမျိုးစပ်ပြီး မျိုးဖောက်မွေးသင့်ပါတယ်။
(၃) ငါးစာတွက် ရေပေါ်စာကို အကျင့်ရအောင်ကျွေးသင့်ပါတယ်။
(၄) ရေကြီးခြင်းကဲ့သို့ သဘာဝဘေးများအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါးကန်ဘောင်ကို
အမြင့် ၅ ပေအထိ ထားသင့်ပါတယ်။
(၅) အကောင်ရေများများမွေးတဲ့စနစ် ကျင့်သုံးသင့်ပါတယ်။ (တစ်ဧက တစ်ကန်အတွင်း ငါးကောင်ရေ
တစ်သိန်းနှစ်သောင်းထိ မွေးနိုင်ပါတယ်။
(၆) ကုန်ကျစရိတ်သက်သာစေရန် တာလပတ်ခင်းပြီး မွေးမြူနိုင်ပါတယ်။
ငွေမြန်မြန်ပေါ်တဲ့ငါးကို အစားထိုးမွေးမြူကြမယ်
တစ်နှစ်ခွဲမှ နှစ်နှစ်အထိမွေးရပြီး နှစ်နှစ်ကျော်မှငွေပေါ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းအစား သုံးလကနေ ခြောက်လအတွင်း
ငွေမြန်မြန်ပေါ်တဲ့ ငါးခူး၊ ငါးရံ့၊ ငါးပြေမ နဲ့ ငါးရှဉ့်ကို အစားထိုးမွေးမြူသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
အားသာချက်တွေ
(၁) တစ်ဧကခန့်သာရှိတဲ့ ကန်သေးသေးလေးနဲ့ မွေးမြူနိုင်ခြင်း။
(၂) ကန်မတူးနိုင်သူတွေအတွက် တာလပတ်ခင်းကာ မွေးမြူနိုင်ခြင်း။
(၃) ကုန်ကျစရိတ် နည်းသွားခြင်း။
(၄) ငွေမြန်မြန်ပေါ်ခြင်း။
(၅) ရာသီဥတုအန္တရာယ် ကျရောက်ပါက ကန်သေးတဲ့အတွက် ငါးများမထွက်သွားအောင် စီမံခန့်ခွဲရ
လွယ်ကူခြင်း။
ငါးရှဉ့်မွေးမြူရေးအတွက် ကောင်းကျိုးတွေကဘာတွေလဲ
(က) လယ်သမားကိုယ်တိုင် သားဖောက်ပြီး မွေးမြူနိုင်ခြင်း။
(ခ) စပါးစိုက်တဲ့ လယ်ထဲမှာပဲ မွေးမြူနိုင်ခြင်း။ လယ်ကိုဒုက္ခပေးတဲ့ ခရုတွေကို ဖမ်းပြီး ငါးရှဉ့်စာအဖြစ်
ပြန်လည် အသုံးပြုနိုင်တဲ့အတွက် လယ်အတွက်ကောင်းရုံတင်မကပဲ ငါးရှယ့်စာအတွက် သီးသန့်ငွေကြေး ကုန်ကျခြင်းမရှိခြင်း။ ပုံမှန်မဟုတ်တဲ့ ငါးဖမ်းစနစ်တွေကို ရှောင်ကြဉ်ပါ
(က) မျိုးပွားမှုကို အနှောင်အယှက်ပေးစေတဲ့ ရှော့တိုက်နည်းနဲ့ ငါးဖမ်းတာကို လုံးဝရှောင်ကြဉ်ပါ။
(ခ) ငါးမျိုး ရေရှည်တည်တံ့မှုကို ဒုက္ခပေးရာရောက်တဲ့ ပိုက်ကွန်သေးဖြင့် ငါးဖမ်းမှုကို ရှောင်ကြဉ်ပါ။
(ဂ) ငါးရှဉ့်ဖမ်းရာမှာ အနံ့ပြင်းတဲ့ ရှန်ပူ (ခေါင်းလျှော်ရည်)၊ ပရုတ်လုံး သုံးကာ မဖမ်းရ။
(လအနည်းငယ်အတွင်း ငါးသေတတ်ပါတယ်)

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။)