ချဥ်ပေါင်သီးထောင်းလေး လုပ်စားကြမယ်

ချဉ်ပေါင်သီးလေးတွေကို ထောင်းစားတာ ထမင်းအရမ်းမြိန်စေတာမို့ မထောင်းဖူးသေးသူတွေ ထောင်းစားလို့ရအောင် နည်းလေးယူလာပေးပါတယ်ရှင်။ ချဉ်ပေါင်သီး အနု၊ အရင့်၊ လတ်ဆတ်မှု၊ ခြောက်သွေ့မှုတွေအပေါ် မူတည်ပြီး အချဉ်ဓာတ် အနည်း၊ အများကွာခြားနိုင်တာကြောင့် မြေပဲ၊ အစပ်နှင့် အငန်တို့ကို မိမိနှစ်သက်တဲ့ အရသာရအောင် လိုတိုး၊ ပိုလျှော့ လုပ်ပေးရပါမယ်။
ပါဝင်ပစ္စည်းများကတော့-
(၁) ချဉ်ပေါင်သီး – ၂ဝ လုံး
(၂) ငရုတ်သီးစိမ်းစပ်စပ် – ၁ဝ တောင့် (အလွန်စပ်ပေ့ ဆိုတာမျိုး)
(၃) မြေပဲလှော် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
(၄) ဆား
(၅) ကြက်သွန်ဖြူ – ၄ မြွှာ
(၆) ဆီစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့်
(၇) သံပရာရည် – သင့်ရုံ
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ချဉ်ပေါင်သီးကို ရေဆေးပြီး အပြင်ဘက်က အဖတ်လေးများကို နွှာထားပါ။ ခြောက်သွေ့သွားအောင် ထားပြီးမှ ထောင်းရင်
အချဉ်/အချွဲ သက်သာပါတယ်။
၂။ ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ဆားထည့်ထောင်းပါ။ မညက်တညက် အနေအထားမှာ မြေပဲထည့်ထောင်းပါ။
နောက်ဆုံးမှာ ချဉ်ပေါင်သီးဖတ်လေးများကို ထည့်ထောင်းပါ။ အရသာမြည်းပြီး သင့်တော်သလို ပြုပြင်ပါ။
အရသာကောင်းပြီဆိုလျှင် မြေပဲဆီမွှေးလေး ဆမ်းပြီး အအီပြေ ဟင်းတစ်ခွက်အနေနှင့် သုံးဆောင်နိုင်ပါပြီရှင်။