အဘွားအိုရဲ့ကားနောက်ကို ပျားအုပ်စုလိုက် လိုက်ပါလာခဲ့တဲ့အဖြစ်

၆၈ နှစ်အရွယ် Carol Howarth လို့ခေါ်တဲ့ အဖွားဟာ သူမရဲ့ကားကို Wales နိုင်ငံက Haverfordwest မြို့လယ်မှာ
ကားခနရပ်ထားပြီး အနီးအနားက Supermarket မှာ ဈေးဝယ်ထွက်ခဲ့ပါတယ် ။ ဒါပေမဲ့ သူမ ရပ်ထားတဲ့ကားဆီပြန်လာတဲ့အခါမှာ
ကားရဲ့အနောက်ဘက်က ထောင်ပေါင်းများစွာသောပျားတွေဖုံးလွှမ်းနေတာကို တွေ့မြင်ခဲ့ပြီး ထိတ်လန့်သွားခဲ့ပါတယ် ။
ကျေးဇူးတင်စရာမှာ ပျားမွေးမြူသူသုံးဦး၊ အမျိုးသားဥယျာဉ်မှူးတစ်ဦး နဲ့ ပြည်သူများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ပျားတွေကိုဖမ်းဆီးပြီး အထူးပျားမွေးမြူသူတွေက သေတ္တာထဲမှာ ဖမ်းထားခဲ့လိုက်ပါတယ်။
သူမအိမ်ပြန်ပြီး နောက်တစ်နေ့မှာ သူမရဲ့ကားကိုပျားအကောင် ၂၀၀၀၀ လောက်ထပ်မံဖုံးထားခဲ့တာကြောင့် Mrs Howarth က
ပျားမွေးမြူသူတွေကို ထပ်မံပြီးခေါင်းဆောင်ကာ ဖမ်းဆီးစေခဲ့ပါတယ်။ ဒုတိယအဖြစ်အပျက်ပြီးနောက် ပျားမွေးမြူသူတစ်ဦးက
“ပျားဘုရင်မက Mrs Howarth ရဲ့ ကားထဲမှာ ပိတ်မိနေတာဖြစ်နိုင်တယ်” လို့ သံသယဖြစ်ခဲ့ပါတယ်။
ပျားတွေဟာ သူတို့ရဲ့ဘုရင်မရှိတဲ့ နေရာမှာပဲနေကြတာကြောင့် ဒီလိုခန့်မှန်းရတာပါလို့လဲ ပြောကြပါတယ်။ (စွယ်စုံသုတမှ ကူးယူဖော်ပြသည်)