စိန်ရတု လွတ်လပ်ရေးနေ့ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမှာကျင်းပကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးကြည့်ရှုပြီး ဖွင့်ပွဲအခမ်းအနားသို့ ၊ ဝန်ကြီးဌာနများနှင့် ရုံးအဖွဲ့အစည်းများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ပဒေသာကပွဲကို အစီအစဉ်အတိုင်း ကျင်းပရာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်း တို့က တာဝန်ယူတင်ဆက်သည့် “ လွတ်လပ်ရေး နေ့ဂုဏ်ပြုအစီအစဉ်”၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီ သုံးပန်လှ (အပျိုတော်ကြီး)”၊ တေးသံရှင် ကေတုဝင်းထွဋ်က “ဂီတဗိမာန်” သီချင်း၊ တေးသံရှင် သန်းမြတ်စိုးက “လုလင်ငယ်သွေး” သီချင်း၊ တေးသံရှင် ရွှေထိုက်က “ သီချင်းလေးအတိုင်း” သီချင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များ စုပေါင်းသီဆို ဂုဏ်ပြုသည့် လွတ်လပ်ရေး နေ့ ဂုဏ်ပြုပဏာမတေးတစ်ပုဒ်ဖြစ်သော “စိန်ရတုတိုင်ခဲ့ပြီ” သီချင်း၊ တေးသံရှင် ထူးအယ် လင်းက “နေပါစေချစ်လို့နှင့် မင်းလေးနားလည်” သီချင်းများ၊ တေးသံရှင် ဇင်သူဇာထွန်းနှင့် ဇင်သူသူထွန်းတို့က “ဗွေးတုတ်” သီချင်း၊ တေးသံရှင် မင်းသားလေးက “တက္ကသိုလ်ကျောင်းသူ တစ်ဦး” သီချင်းတို့ဖြင့် ကပြသီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပါအဝင် အနုပညာရှင်များစွာပါဝင်ဖျော်ဖြေခဲ့ကြသည်။ပဒေသာကပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ်ကျင်းပခြင်းဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် မွန်းကြပ်နေသည့် ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်ရန် ပထမဆုံးအကြိမ်ကျင်းပသည့် အကြီးကျယ်ဆုံးပဒေသာ ကပွဲကြီး လည်းဖြစ်သည်။ အဆိုပါ ပဒေသာကပွဲတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် နိုင်ငံ့ ဝန်ထမ်း များနှင့် အနုပညာရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရပြီးပဒေသာကပွဲကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွားမည် ။ 

Recent News