ပုလောမြိုနယ်တွင် သံဃာတော်များစီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်များအား PDF အကြမ်းဖက်သမားများကပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို သဘာဝတရားရိပ်သာမှ သံဃာ တော် နှစ်ပါး၊ သာသနာ့နွယ်ဝင် သီလရှင် သုံးပါး၊ ဒါယကာ/ဒါယိကာမ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၆ ဦးတို လိုက်ပါလာသည့် မော်တော်ယာဉ် အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ် 2K/—- နှင့် မော်တော်ယာဉ် အမှတ် SN/—- နှစ်စီးအား နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲ ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြိုနယ် ကဒဲကျေးရွာ လမ်းဆုံအနီးသို့ အရောက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော် ဘဒ္ဒန္တဇနက (၂၅ နှစ်)သည် ဦးခေါင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း၊ ဒေါ်အေးသီတာလွင်၊ ဦးနန်းဦးနှင့် ဦးသက်အောင်ဇော်တိုတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပါတယ်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူများအား ထားဝယ်မြို့သို ပိုဆောင်၍ နယ်မြေခံ တပ်မတော်ဆေးရုံမှ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်ရှင်။