မျောက်ငိုသီးစားခြင်းရဲ့ကောင်းကျိုးများ

မျောက်ငိုသီးပင်က ဘောစကိုင်းပင်နဲ့ မတူပါဘူး။ ဘောစကိုင်းက အပူပိုင်းပေါက်ပင်ဖြစ်ပြီး မျောက်ငိုသီးပင်က အအေးပိုင်းပေါက်ပင်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နယ်နဲ့ ချင်းပြည်နယ်တွေမှာ အများအပြားရှိပါတယ်။ မျောက်ငိုသီးကိုစားပေးခြင်းဖြင့် အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပါတယ်။
(၁) မျောက်ငိုသီးထဲမှ Tryptophan ဓာတ် က လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသောကြောင့်
စိတ်ကိုပေါ့ပါးစေပြီး စိတ်နေစိတ်ထားကို ပြောင်းလဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိုင်တဲ့စွမ်းအားရှိပါတယ်။
(၂) ဗီတာမင် B6 ပါရှိပြီးသွေးချိုကို မျှတအောင်ညှိပေးနိုင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ်။
(၃) မြင့်မားသောသံဓာတ်ပါရှိတယ်။ မျောက်ငိုသီးရဲ့ နှိုးဆွမှုကြောင့်သွေးထဲမှ (hemoglobin) သွေးနီဥကို
ထုတ်လုပ်နိင်တာမို့ သွေးအားနည်းတဲ့အခါ အထောက်အကူပြုနိုင်ပါတယ်။
(၄) နှလုံးရောဂါအတွက်လည်း အထောက်အကူပြုပါတယ်။
(၅) နေ့တိုင်း မနက်စာ၊ နေ့လည်စာတွင်မျောက်ငိုသီးကိုစားရင် ဦးနှောက်အတွက် အထောက်အကူပြုနိုင်ပါတယ်။
(၆) အမျှင်ဓာတ်များပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
(၇) မျောက်ငိုသီး နှင့်ပျားရည်တို့စားခြင်းဖြင့် (အရက်မူးပြေစေပါတယ်) မျောက်ငိုသီးနှင့် ပျားရည်က အစာအိမ်ကိုအနားယူစေပြီး
သွေးချိုကို ညီမျှအောင်ညှိပေးနိုင်စွမ်းရှိပါတယ်။
(၈) မျောက်ငိုသီးက လူ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အခါ သဘာဝ ခုခံနိင်သော အက်ဆစ်ဖြစ်သွားတာမို့ အစာအိမ်မကောင်းသူများအတွက်
မကြာခဏ စားသုံးသင့်ပါတယ်။
(၉) ဝိတ်ကျနိုင်ပါတယ်။
(၁၀) ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီး စားခြင်းဖြင့် မျောက်ငိုသီးက သွေးချိုကို ညှိပေးနိင်တာမို့ အော့အန်ခြင်းကို
ကာကွယ်ပေးနိင်ပါတယ်။
(၁၁) ခြင်ကိုက်ခံရတဲ့နေရာကို မျောက်ငိုသီးလိမ်းပေးခြင်းဖြင့် အရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှုကိုလျှော့စေတယ်။
(၁၂) မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာပြန်လည်ကောင်းမွန်ရန်
အထောက်အကူပြုပါတယ်။ “New England Journal of Medicine” လေ့လာချက်အရမျောက်ငိုသီး မကြာခဏ စားတဲ့သူက လေဖြတ်သေဆုံးရခြင်းအန္တရာယ်မှ ကင်းဝေးနှုန်း ၄၀% ရှိပါတယ်။
မျောက်ငိုသီးက ပန်းသီးထက် အသားဓာတ် လေးဆ (protein)၊ ကာဗွန်ဟိုက်ဒရိတ်(carbohydrate)နှင့်
ဖော့စဖော့ရပ် သုံးဆ( phosphorus) ၊ ဗီတာမင်အေနှင့် သံဓာတ်က ငါးဆ၊ အခြားဗီတာမင်နှင့် ပိုတက်ဆီယမ်များပါဝင်တာမို့
ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာ ဖြစ်ပါတယ်။ နေ့တိုင်းမျောက်ငိုသီးစားရင် ဆရာဝန်နဲ့ ကင်းဝေးတယ်လို့တောင် ပြောကြပါတယ်။ ဒညင်းသီးလို အနံ့ အရသာတူတယ်လို့သိရပါတယ်။ ဒညင်းသီး အစား မျောက်ငိုသီး စားတာက ကျန်းမာရေးနဲ့ ပိုသင့်လျော်ပါတယ်။ ဈေးလည်းချို၊ အလွယ်တကူရနိုင်တဲ့ အစားအစာမို့ သိရှိအောင်မျှဝေပေးလိုက်ပါတယ်။
မျောက်ငိုသီးကိုအစေ့လည်း စားလို့ရပါတယ်။
သူ့အစေ့က သာမန်ယောက်ျား လက်တဆစ်စာလောက်ကြီးပါတယ်။
ကြော်စား၊ ဆားရည်စိမ် တို့စရာအဖြစ်စားတာ၊ ဒီအတိုင်းလည်း စားရပါတယ်။
အခွံကိုဇွန်းနဲ့ခြစ် မီးနဲ့ကင်၊ ပြုတ်စား၊ ငပိချက်နဲ့ရောစားလဲ စားကောင်းပါတယ်။ အနံ့က ဒညင်းသီးနဲ့ ဆင်ပါတယ်။
မျောက်ငိုသီး မှာ ပိုတက်ဆီယမ် (potassium) အများဆုံး ပါဝင်ပေမယ့်
အငံဓာတ်က နည်းပါးတာမို့ အမေရိကန် စားသောက်ကုန်နှင့်ဆေးပညာ ဆိုင်ရာဌာနက မျောက်ငိုသီးဟာ သွေးပေါင်ကိုကျစေပြီး
လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း မျောက်ငိုသီးရဲ့စွမ်းအားကို မှတ်တမ်းတင်ထားပါတယ်။