ဟွေပုံလောင်း၊ ကောက်ကောက်ဒေသရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ စခန်းအနီး တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၂၂ ရက်
ကယားပြည်နယ်၊ ဟွေပုံလောင်း၊ ကောက်ကောက်ဒေသရှိ
လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏စခန်းတစ်ဝိုက်နယ်မြေရှင်းလင်းနေစဉ် စခန်း၏ အနောက်မြောက်ဘက်မှ
KNPP နှင့် အကြမ်းဖက်သမား ပူးပေါင်းအင်အား ၁၅ ဦးခန့်က စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး-
-အကြမ်းဖက်သမား ၁ လောင်း
-အေကေ (၄၇) ၁ လက်
-ကျည်အိမ် ၃ ခု
-ကျည် ၆၀ တောင့်သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ဟု သိရှိရပါတယ်…