ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ထီးလင်းဘုန်းတော်ကြီးကျောင်းတိုက်၊

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ တောင်တန်းဒေသထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်၊

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ မရမ်းအူကွင်းကျောင်းတိုက်၊

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြရတနာ သီရိကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊

ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း၊

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်း၊ သာသနာနွယ်ဝင်သီလရှင် စာသင်တိုက်(၂)တိုက်၊

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ မြစ်ဖျားကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ စလင်းမြို့နယ်ရှိ မင်္ဂလာတောရဘုန်းတော်ကြီးကျောင်းတိုက်နှင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ သုခါရာမတောရဘုန်းတော်ကြီး ကျောင်းတို့ရှိ  သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။