(၁၄)ကြိမ်မြောက် အာရှနဂါး လှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်း ငွေငါးခု ဆွတ်ခူးရရှိ

ထိုင်းနိုင်ငံ ပတ္တရားမြို့၌ (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော် ချန်ပီယံရှစ် ပြိုင်ပွဲဗိုလ်လုပွဲများကို
နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပခဲ့ရာ မြန်မာလှေလှော် အားကစားအသင်းမှ
ပြိုင်ပွဲ ၁၅ မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ငါးခု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
၎င်းပြိုင်ပွဲတွင် အိမ်ရှင် ထိုင်း၊ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ တိုင်ပေ၊ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊
အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ စင်ကာပူတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ အသင်းသည် နိုဝင်ဘာ၂၂ ရက်မှ ၂၆ ရက် အထိကျင်းပမည့် ထိုင်းရိုးရာ လှေလှော်ပြိုင်ပွဲမှာလည်း
ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။