ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပထမနှစ်မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များရဲ့ သစ်လွင်ကျောင်းသား၊ ကျောင်းသူများ
ကြိုဆိုပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ရက်က ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ Hybrid စနစ်နဲ့ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊
ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ သစ်လွင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး မန္တလေး၊ မကွေးနှင့် တောင်ကြီးမြို့တို့ရှိ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။