ပြည်သူ့စစ်အယောင်ဆောင်ထားသည့် အကြမ်းဖက်သမားများအား ပစ်ခတ်ဖမ်းဆီး

လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်အတွင်း မသင်္ကာဖွယ်ရာ Crown ယာဉ် ၁ စီးမောင်းနှင်လာကြောင်း သတင်းရရှိသဖြင့်
ရဲတပ်ဖွဲ့ဝင်များနှင့် လုံထန်ပြည်သူ့စစ်အဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစဉ်-
ရပ်ကွက်(၁)၊ ကြယ်စင်လမ်းမကြီးပေါ်တွင် အဆိုပါယာဉ်အား တွေ့ရှိ၍ ရပ်တန့်ခိုင်းရာ
ယာဉ်ပေါ်မှ လက်ပစ်ဗုံး၊ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး-
-အကြမ်းဖက်သမားအလောင်း ၃ လောင်း
-Type-81 ၁ လက်
-M-4 ၁ လက်
-ကျည်အိမ် ၃ ခု
-ကျည် ၁၁ တောင့်သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်…
ပစ်ခတ်မှုဖြစ်ပွားနေစဉ် နှစ်ဖက်ပစ်ခတ်မှုကြား Crown ယာဉ် ၁ စီးဝင်ရောက်လာတဲ့အတွက်
ယာဉ်ပေါ်ပါ အရပ်သား ၂ ဦးမှာ လက်နက်ကျည်ထိမှန်ကာ သေဆုံးခဲ့ပါတယ်…
အကြမ်းဖက်သမားများက MNDAA အဖွဲ့မှ ထွက်ပြေးလာပြီး ပြည်သူ့စစ်အယောင်ဆောင်ကာ
လုယက်မှုနဲ့ ဓားပြတိုက်မှုများ လုပ်ဆောင်ရန် လာရောက်လာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်…