မြစ်ကြီးနားတက္ကသိုလ်တွင် ကျောင်းသား/သူဦးရေ အများအပြား တက်ရောက်လျက်ရှိ


မြစ်ကြီးနားတက္ကသိုလ်တွင် မေဂျာအသီးသီးအလိုက် နေ့သင်တန်းများကို နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တက်ရောက်သည့် ကျောင်းသားသစ်များအပါအဝင်စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်လျက်ရှိပါတယ်။

လက်ရှိမြစ်ကြီးနားတက္ကသိုလ်တွင် ဆရာဆရာမ အင်အားတိုးချဲ့ထားပြီး သင်ကြားမည့်ဆရာဆရာမ (၃၀၀)ကျော်ဖြင့် နေ့သင်တန်းများကို သင်ကြားပိုချရန် စီစဉ်ထားကြောင်း မြစ်ကြီးနားတက္ကသိုလ် တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါတယ်ရှင်။