တပ်မတော်ဆေးရုံရေယာဉ်(သံလွင်) ပုသိမ်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသမှုများ ဆောင်ရွက်ပေး

တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် နိုဝင်ဘာလ ၂၂ ရက်တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၄၆၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ပါတယ်။

 ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၆ ဦး၊ ခွဲစိတ်ရောဂါ ၃၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၂ ဦး၊ ကလေးရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၈၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၆ ဦး၊ စုစုပေါင်း ၄၆၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ခွဲစိတ်ကုသရန် လိုအပ်သူ မျက်စိခွဲစိတ်လူနာ ၁၁ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး   အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ ပါတယ်။