ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲက တစ်နေရာမှာ တရားခံ(၂)ဦးကို သေနတ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်…

ဖမ်းဆီးရမိတဲ့ လက်နက်တွေက
(၁) FGC-9(MK-II) သေနတ် (၁၁) လက်
(၂) ကျည်အိမ် (၁၁) ခု
(၃) 5.56 ကျည် (၃၀၀၀) တောင့်
(၄) 9 မမ ကျည် (၄၀၀) တောင့်တို့ပဲ ဖြစ်ပါတယ်။

အဖမ်းခံရတာတောင် နည်းသေးတယ်၊ နယ်ခံတွေကလည်း လုံခြုံရေးတပ်ဖွဲ့တွေကို သတင်းပေး၊ သယ်တဲ့သူတွေက သေနတ်တွေကို
ဆာလာအိတ်နဲ့ထုပ်ပြီး ဆိုင်ကယ်နဲ့ သယ်တာဆိုတော့ မမိဘဲ နေမလား?

အဲ့သေနတ်တွေက မြန်မာပြည်အလယ်ပိုင်းက pdf တွေဆီကို ပိုမယ့်သေနတ်တွေပဲ ဖြစ်ပါတယ်။

PDF တွေက ဘာမှမဆိုင်တဲ့သူတွေကို ဒလန်ဆိုပြီး အကြမ်းဖက်နေတဲ့ အကျိုးဆက်တွေကြောင့်ပဲ PDFကို ပြည်သူကလည်း လက်မခံ တော့ဘူး ……

ရသမျှသတင်း အကုန်ကို လုံခြုံရေးတပ်ဖွဲ့တွေကို တောက်လျှောက်ပေးနေတာ ….

လုံခြုံရေးတပ်ဖွဲ့တွေကတော့ သတင်းစောင့်ယူ၊ ရတာနဲ့ ချက်ချင်းလှုပ်ရှားပြီး အေးဆေးအိပ်ထဲကောက်ထဲ့ရုံပါပဲ ဖြစ်နေပါပြီ….