အကြမ်းဖက်သမားများက မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာ ၁၇ ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်ကျေးရွာနေ ဒေါ်စန်းအေး ၄၅ နှစ်၏ နေအိမ်ရှေ့သို့
အကြမ်းဖက်သမားအင်အား ၁၅ ဦးခန့် လက်နက်ကိုယ်စီကိုင်ဆောင်၍ Vigo ယာဉ် ၂ စီးဖြင့် ကော့ဖျံတောင်ဘက်မှ ရောက်လာပြီး
နေအိမ်အနီးဝန်းကျင်နှင့် နေအိမ်အတွင်းသို့ လက်နက်များဖြင့် ပစ်ခတ်ကာ ရေပေါ်သောင်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်..
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးကာ ၂ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်..
သေဆုံးသူများမှာ-
ဒေါ်စန်းအေး၏ သားဖြစ်သူ စောအောင်မြင့်ထွန်း ၂၈ နှစ်၊
ဒေါ်စန်းအေး၏ သမီးဖြစ်သူ မခိုင်စံပယ်ခင် ၈ နှစ်
ဒေါ်စန်းအေး၏နေအိမ်သို့ အလည်ပတ်လာရောက်သူ စောအောင်ကျော်မြင့် ၃၆ နှစ်တို့ဖြစ်ပါတယ်..
ဒေါ်စန်းအေးနှင့် သမီးဖြစ်သူ မပြည့်ပြည့်ဖြိုး ၁၀ နှစ်တို့မှာ (မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်..
ပြည်သူ့စစ်(မိကရင်) မှ အဖွဲ့ဝင်တွေဟာ လှည့်ကင်းဆောင်ရွက်ပြီးလျှင် ဒေါ်စန်းအေး နေအိမ်သို့ ခေတ္တဝင်ရောက်လေ့ရှိတယ်လို့ သိရှိရပါတယ်…