မျက်မှန်ပိုင်ရှင်လေးတို့အတွက် မိတ်ကပ်လိမ်းခြယ်နည်း

ကွန်ဆီလာသုံးတဲ့အခါ

ကိုယ့်ရဲ့ အသားရောင်ထက် တစ်ဆင့် (သို့) နှစ်ဆင့် ပိုလင်းတဲ့ အရောင်ကို မျက်လုံးအောက် (သို့) မျက်ကွင်းတစ်ဝိုက်မှာ တြိဂံပုံစံ လိမ်းခြယ်ပေးပါ။ ဒါမှ မျက်မှန်က ကျတဲ့အရိပ်နဲ့ ကာမိပြီး မျက်လုံးအရောင် တောက်လာစေမှာပါ။

မျက်ခုံးမွေးဆွဲတဲ့အခါ

ကိုယ်က မျက်မှန်တပ်ရသူမို့ ကိုယ်ဆွဲတဲ့ မျက်ခုံးမွေးက မျက်မှန်ဘောင်နဲ့ တစ်တန်းကြီး ဖြစ်မနေဖို့ အရမ်းအရေးကြီးပါတယ်။ မျက်မှန်ဘောင်က လေးထောင့် အထူဘောင်ဆို ကိုယ့်မျက်ခုံးမွေးကို အခုံးလေးဆွဲတာက ပိုအဆင်ပြေပြီး အဝိုင်းဘောင်ဆို တစ်တန်းထဲ ဆွဲတာလေးက ပိုအဆင်ပြေပါတယ်။

အိုင်းရှဲဒိုးအောက်ခံ

အိုင်းရှဲဒိုးခြယ်တဲ့အခါမှာ အောက်ခံ (primer) ကို အသုံးပြုပေးပါ။ ဒါမှ ကြာရှည်ခံပြီး အရောင်မလွင့်ဘဲ မျက်မှန်အောက်အထိ အိုင်းရှဲဒိုးကာလာကို ထိုးဖောက်မြင်ရနိုင်မှာပါ။

အိုင်းရှဲဒိုးအရောင်

အိုင်းရှဲဒိုးအရောင်က မျက်ခုံးမွေး အရောင်ထက် ဖျော့ရင်ဖျော့၊ မဖျော့ရင် ပိုတောက်နေရပါမယ်။ အဲဒီလိုမဟုတ်ဘဲ အရောင်ရင့်တဲ့ဘက်ကို သွားမယ်ဆို မျက်လုံးက ပင်ပန်းနေသလိုဖြစ်ပြီး ရုပ်ပိုရင့်စေပါတယ်။

အိုင်းလိုင်နာဆွဲတဲ့အခါ

မျက်မှန်ဘောင်ပိုထူလေလေ၊ အိုင်းလိုင်နာကို ပိုထူထူလေး ဆွဲပေးပါ။ ဘောင်ကပါးရင်တော့ အိုင်းလိုင်နာကို နည်းနည်းပါပါးလိုက်ဆွဲပေါ့။ ဒါကြောင့်မို့လို့ မျက်မှန်ဘောင်နဲ့ အိုင်းလိုင်နာအထူ၊ အပါးက တိုက်ရိုက် အချိုးကျပါတယ်။

မင်မင်ကိုယ်တိုင်က မှန်ကြောင်လေးမို့….. ကိုယ့်လို အဂျစ်ကလေးတွေအတွက်….

မှန်ကြောင်လေးပေမဲ့….. ဆွဲဆောင်မှုရှိတဲ့…မိတ်ကပ်ပြင်ဆင်မှုနဲ့…. တစ်နေ့တာ ဖြတ်သန်းကြမယ်ရှင့်။