ခံတွင်းမြိန်စေမယ့် သရက်သီးသုပ် တစ်ပွဲ

သရက်သီးသုပ်ကို လူတိုင်းနီးပါး စားဖူးကြပြီး ကြိုက်လည်း ကြိုက်နှစ်သက်ကြတဲ့ အသုပ်တစ်မျိုး ဖြစ်ပါတယ်။ သရက်သီးသုပ်ဟာ စားရတာလည်း အထူးပင် ကောင်းမွန်ပြီး ထမင်းပွဲ တစ်ပွဲ အတွက် ခံတွင်းမြိန်စေတဲ့ […]

ရေခဲသုပ်လုပ်နည်းလေးပြောပြမယ်နော်..

ရေခဲသုပ်လို့ ပြောလိုက်ရင် ငယ်ငယ်တုန်းက ကျောင်းစျေးတန်းမှာ ရေခဲပေါက်ဆီလေးတွေကို ဒုတ်နဲ့ထိုးပြီး ရောင်းတာကို ဝယ်စားခဲ့ကြတာတို့ ဖန်ခွက်ကြီးထဲမှာ ရေခဲခြစ်တွေထည့် သစ်သီးယိုတွေထည့်ပြီး အပေါ်ကနေ နီု့ဆီဆမ်းပေးတဲ့ ရေခဲသုပ်တို့ကို သတိရမိကြလိမ့်မယ်လို့ […]

အများကြီးစားလို့ရအောင် ပဲခေါက်ဆွဲအနှစ်ကိုပွားပြီးအိမ်မှာ ကိုယ်တိုင်လုပ်စားကြမယ် 😍

“ ကိုရီးယား ပဲခေါက်ဆွဲ´´ ဒီတစ်ပတ်မှာ ပဲခေါက်ဆွဲကြိုက်တဲ့သူများအတွက် အိမ်မှာလုပ်စားဖို့အဆင်ပြေအောင် လုပ်ပုံလုပ်နည်းကို ညွှန်းပေးလိုက်ပါတယ်။ ကိုရီးယားအစားအစာကြိုက်တဲ့သူတွေ အတော်များများနှစ်သက်တဲ့ အစားအစာတွေထဲက တစ်မျိုးဆိုရင်လဲမမှားပါဘူး။ အခုဆိုရင်မြန်မာလူမျိုးအများစုကပါ ကိုရီးယားအစားအစာကို ကြိုက်နှစ်သက်လာတာတွေ့ရပါတယ်။ […]

ဂျုံကြက်ဉခေါက်မုန့်လေးလုပ်စားကြမယ်။

အိအိချိုချိုလေး၊ ဂျုံ ကြက်ဉခေါက်မုန့် ကြက်ဉခြောက်လုံး၊ဂျုံတစ်ဆယ်သား၊နို့စိမ်းတစ်ဘူး အုန်းသီးလေးခြစ်ထားမယ်။ အားလုံးကိုဖောက်ထည့်ခေါက်ပါမယ်။ ရေ- လက်ဖက်ရည်တစ်ခွက်စာ ဆား-အနည်းငယ် သကြားပါထည့်ခေါက်ပါ သကြားကတော့အချိုကြိုက်သလောက်ထည့်ပါ။အရည်ကျဲကျဲပဲဖျော်ပါ ဒယ်အိုးကိုဆီသုပ်ပြီးအပူပေးပါ။မုန့်ရည်ပါးပါးလောင်းထည့်ပါ။ မုန့်သားကျက်လာရင်အုန်းသီးဖြူးပါမယ်။မီးနည်းနည်းနဲ့လုပ်ပါ. ပြီးရင် ဒီလိုလေးတွေလိပ်လိုက်ပါမယ်။ခေါက်မုန့်လိုခေါက်လည်းရပါတယ်။

ရှမ်းခေါက်ဆွဲလေးလုပ်စားကြမယ်

ကြက်ရိုး နဲ့ ကြက်သားတွေကို ဆား ဆနွင်း အရသာမှုန့်ဖြင့်နယ်ပြီး ရေအနေတော်ထည့်ကာ တစ်နာရီခွဲခန့် ပြုတ်ထားပေးပါ။ ဆန်ခေါက်ဆွဲကို ရေတစ်နာရီခန့်စိမ်ထားပေးပါ။ ကြက်သားပြုတ်ထားတာရရင် ကြက်သားတွေကိုဆယ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူနီကို […]

ပုဇွန်ထုပ်ကိုဒီလိုလေးလုပ်စားကြမယ်နော်

ပုဇွန်ထုပ်ကိုဒီလိုလေးလုပ်စားကြမယ်နော်👇😋😍🦐🌶🦞Seafood အချဥ်ရည်ဖျော်နည်း 🤎🌶🦐သံပုရာငရုတ်သီးနီသံပုရာသီး ၂လုံး ရယ်၊ငရုတ်သီးစိမ်းတောင့် ၁၅ တောင့်ရယ်၊ဆား လက်ဖက်ရည်တစ်ဇွန်းနဲ့ ကြံသကာ လက်ဖက်ရည် ၂ဇွန်းစာပဲ လိုပါတယ်။ ငရုတ်သီးစိမ်း၊ဆားနဲ့ ကြံသကာကို ငရုတ်ဆုံထဲ […]

အိမ်ချက်မာလာရှမ်းကော

မာလာရှမ်းကောအနှစ်ထုပ် ၁ထုပ်အသားတစ်မျိုးမျိုး (ကြက်၊ဝက်)အကင်လုံး အကင်ချောင်းများကြော်ထားပါနှစ်သက်ရာအသီးရွက်-ကန်စွန်းရွက်-အပ်မှိ-ပြောင်းဖူး-မုန်ညှင်းရွက် ကော်ချောင်း ၊ ခေါက်ဆွဲ ၊ ရေစိမ် ၊ ကြက်တောင်ပံတုပဲလိပ် ၊ ကြွက်နားရွက်မှိအကုန်လုံးကို တစ်မျိုးချင်းစီအသင့်ပြုတ်ပြီးဆယ်ယူထားပါဆီခပ်များများထည့် ငရုတ်သီးခြောက်ထည့်ကြော်ပါကြွပ်ရင်ဆယ်ယူထားပါ […]

ကြက်ချဉ်စပ်ဟော့ပေါ့ချက်နည်းလေးပါ ….

– ကြက်သား(အိမ်မှာကတော့လူ၄ယောက်စာဗမာကြက်တစ်ကောင်ထည့်ပါတယ် စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပေါ့နော်😁)-ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်-ဟော့ပေါ့အနှစ်ထုပ်(အခုပုံမှာပြထားတဲ့အနှစ်ထုပ်လေးကစျေးချိုပြီးခိုင်လီကြက်ချဉ်စပ်ဟော့ပေါ့အရသာနဲ့တော်တော်လေးဆင်ပါတယ်) အခုချက်ပြထားတဲ့အိုးမျိုးဆိုရင်တော့တစ်ထုပ်ခွဲလောက်ထည့်ရပါတယ်-အသားမှုန့်/ဆားအနည်းငယ်-CP chicken/pork sausage ကျန်တာတွေကတော့ပြောတော့ဘူးနော်😁ကိုယ်ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လိုရပါတယ်(ကြက်ချဉ်စပ်ဟော့ပေါ့ဖြစ်တဲ့အတွက်ကြက်သားကတော့မပါမဖြစ်ပေါ့နော်) ချက်ပြုတ်နည်း -ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ-အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ (ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ်ထားပေးပါ)-ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲကြက်သားနဲ့ဟော့ပေါ့အနှစ်ကို၅မိနစ်ခန့်ချက်ပေးပါ ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ(ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖိုလိုတဲ့အဆာပလာတွေထည့်ထားလိုရပါပြီ)-အပေါ့အငန်အတွက်အသားမှုန့်/ဆားကိုလိုသလောက်ထည့်ပေးပါ-ရေဗွမ်းဗွမ်းဆူပြီးအသားတွေလဲကျက်ပြီဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအရွက်တွေထည့်ပြီးသုံးဆောင်နိုင်ပါပြီ🤗🤗🤗

ဝိတ်ကျစေတဲ့အစားအစားများ

ဝိတ်ကျမြန်စေတဲ့အစားအသောက်ပုံစံပါတဲ့ 🌈 ဝိတ်ချမယ်ဆို ထမင်းအစားဒါတွေစားပါ 🥕 အဓိကကတော့တစ်နေ့ကိုအသီးအနှံတစ်မျိုးမျိုးပါအောင်ပုံမှန်စားရင်ကို ခန္ဓာကိုယ်အတွက်အကျိုးထူးစေမှာပါ 🍎 ဝိတ်ချပြီးကျန်းမာအောင်နေကြမယ်နော်💪❤️

“ရှူးရှဲမျှစ်သုပ်ထောင်း” ထိုင်းစတိုင်

ပါဝင်ပစ္စည်းများ မျှစ်ချိုနု ပြုတ်ပြီးသား..ပါးပါးလှီးထားခရမ်းချဉ်သီး….ပါးပါးလှီးထားခရမ်းဂျွတ်သီး..မထူမပါးလှီးထားပဲသီး..လက်တစ်ဆစ်သာသာချိုးထားပုဇွန်ခြောက်မှုန့်ပုဇွန်ဆိတ် လှော်ထားပြောင်းဖူးပြုတ်…ခြွေထားမြေပဲပြုတ်…အခွံခွာထားမြေပဲလှော်ငပိထောင်း သို့မဟုတ် ကင်ထားသောငပိထန်းလျက်ခဲသကြားကင်းမွန်ငံပြာရည်ငရုပ်သီးစိမ်းကြက်သွန်ဖြူ ပထမဦးစွာ ဇောက်နက်နက်ငရုပ်ဆုံထဲသို့ထန်းလျက်ခဲမြေပဲလှော်ငရုပ်စိမ်းကြက်သွန်ဖြူ..ထည့်ကာခွဲခြမ်းထောင်းပါ နောက်ငပိထောင်းသကြားငံပြာရည်ပုဇွန်ခြောက်မှုန့်ပုဇွန်ဆိတ်လှော်တို့ထည့်ကာသံပုရာရည်ညှစ်..အခွံပါထည့်ကာဖွဖွထောင်းပါ ထို့နောက်လှီးထားသော ခရမ်းချဉ်သီး ခရမ်းဂျွတ်သီး မျှစ်ပဲသီးတို့ထည့်ကာရောမွှေပြီးမြေပဲပြုတ် နှင့်ပြောင်းဖူးပြုတ်ပါထည့်မွှေပါဖွဖွလေး တစ်ချက်နှစ်ချက်ထောင်းပေးပါအရသာ […]

😍ကော်ရည်ခေါက်ဆွဲ ချက်နည်း

အဆင်ပြေအောင် (2) နည်းတင်ပေးထားပါတယ် ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) […]