ဘရာဇီးမှတင်သွင်းသည့် အမဲသားထုတ်ကုန်များကို ထိုင်းအပါအဝင် နိုင်ငံအချို့ရပ်ဆိုင်း

ဘရာဇီးနိုင်ငံရှိ   မွေးမြူရေးခြံတစ်ခြံတွင် နွားရူးရောဂါဖြစ်ပွားမှုနှင့် စပ်လျဉ်း၍အာဏာပိုင်များက   စုံစမ်းစစ်ဆေးနေစဉ်ယင်းနိုင်ငံမှ   ထုတ်လုပ်သည့် အမဲသားထုတ်ကုန်များ တင်သွင်းမှုကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့က ရပ်ဆိုင်းလိုက်ကြောင်း ဘရာဇီး စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါနွားရူးရောဂါသည် […]

နို့စားနွားများ နွေရာသီအပူဒဏ်မှသက်သာစေရန် အာဟာရဗေဒဖြင့် စီမံခန့်ခွဲနည်း(၁)

နွားများအပူဒဏ်ခံစားရမှုမှ လျော့ကျစေရန် ပတ်ဝန်းကျင်နှင့် အာဟာရကိုစီမံခန့်ခွဲနိုင်သည်။ အာဟာရဖြင့် စီမံနိုင်သည့်နည်းများတွင်  (၁) ရေ ရာသီဥတုပူပြင်းနေချိန်တွင် သန့်ရှင်းအေးမြသောရေ လုံလုံလောက်လောက် ဖန်တီးပေးထားခြင်းအားဖြင့် နွားများ၏ အစာစားနှုန်း မကျစေရန် […]

ဂျပန်တွင်ကြက်၊ငှက်တုပ်ကွေးနှင့်တိရစ္ဆာန်အစာ ဈေးကြီးမှုကြောင့်ကြက်ဥဈေးတက်

ကြက်၊   ငှက်တုပ်ကွေးဖြစ်ပွားမှုနှင့် တိရစ္ဆာန်အစာဈေးနှုန်း ကြီးမြင့်မှုကြောင့် ဂျပန်နိုင်ငံတွင်ကြက်ဥဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဂျပန်ဒေသတွင်းမီဒီယာတစ်ခုက  ဖော်ပြသည်။ နိုင်ငံအတွင်း၌ ကြက်ဥဈေးနှုန်းမြင့်တက်လာမှုကြောင့် နာမည်ကြီးစားသောက်ဆိုင်များတွင်ရောင်းချသည့် ဟင်းလျာဈေးနှုန်းများမှာလည်း မြင့်တက်လာခဲ့ကြောင်း Nikkei Asia သတင်းဌာနကဖော်ပြသည်။မြို့တော် တိုကျို၌ ကြက်ဥဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ကီလိုလျှင် ၃၃၅ ယန်း (ဒေါ်လာ ၂ ဒသမ ၄၉) အထိ မြင့်တက်လာပြီး  ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်က  ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၈၁ ရာခိုင်နှုန်း မြင့်တက်လာသည်။ ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်နှောင်းပိုင်း၌ ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီးကြက်စာဈေးနှုန်း  မြင့်တက်လာမှုကြောင့် မွေးမြူရေးသမားများက ဥစားကြက်အရေအတွက်ကို လျှော့ချရာမှ ကြက်ဥမလုံလောက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ထို့ပြင် ကြက်၊ ငှက်တုပ်ကွေးရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက်  ကြက်များကို သုတ်သင်ခဲ့ရခြင်းကြောင့်   ကြက်ဥဈေးနှုန်းကိုပို၍ မတည်မငြိမ်ဖြစ်စေခဲ့ကြောင်း သိရသည်။ Ref: Xinhua

မြန်မာ့ကင်းမွန် ထိုင်းဘက်ကအဝယ်လိုက် ဈေးကောင်းရနေ

မြန်မာ့ကင်းမွန်များကို ထိုင်းနိုင်ငံဘက်က အဝယ်လိုက်နေပြီး လက်ရှိမှာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဈေးကောင်းလည်း ရရှိနေကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံက သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံဘက်ကဝယ်ယူပေးနေသည့် မြန်မာ့ကင်းမွန်စျေးနှုန်းများမှာ အေးခဲကင်းမွန် ၁ ကီလိုဂရမ် […]

တန် ၅၀၀ဆန့် ငါးပုစွန် အအေးခန်းစက်ရုံတည်ဆောက်ဖို့ ငါးလုပ်ငန်းဦးစီးဌာနက တင်ဒါခေါ်ထား

ငါးလုပ်ငန်းဦးစီးဌာနကနေ တန် ၅၀၀ဆန့် ငါးပုစွန် အအေးခန်းစက်ရုံတည်ဆောက်ပြီး ဌာနပိုင်မြေနေရာနဲ့ ဆက်စပ် စက်ပစ္စည်းတွေကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုတော့မယ်လို့ အသိပေးကြေညာထားပါတယ်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို စိတ်ပါဝင်စားတဲ့ ငါးပုစွန် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ […]

ကော့သောင်းမြို့တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီ ၆ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ […]

ကြက်အစာစျေးနှုန်းမြင့်မားနေလို့ ကြက်ဥတစ်လုံး ကျပ် ၂၅၀ ပြန်ဖြစ်

ယိုးဒယားကလာတဲ့ ကြက်အစာစျေးနှုန်းမြင့်မားနေလို့ ကြက်ဥတစ်လုံးလျှင်ကျပ် ၂၅၀ အထိပေါက်စျေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။ “ကြက်အစာစျေးတွေတက်တယ်လို့ပြောတယ်။ကြက်အစာကယိုးဒယားဘက်ကမှာရတယ်။ယိုးဒယားဘက်ကဝယ်ရတာပေါ့၊စျေးကအတော်လေးတက်နေတယ်လို့ပြောပါတယ်၊အရင်ကဆို ၂၂၀ ၊၂၃၀ ရောင်းတဲ့ကြက်ဥက အခု ၂၅၀ လောက်ပြန်ဖြစ်သွားတယ်၊စျေးပြန်တက်လာတာပေါ့။ဘဲဥကတော့ အနိမ့်ဆုံးစျေးကတစ်လုံး […]

တရုတ်နှစ်သစ်ကူးနီးလာချိန် ပြည်တွင်းဝက်သားဈေးတက်လာ

တရုတ်နှစ်သစ်ကူးနီးလာချိန် ပြည်တွင်းဝက်သားဈေးနှုန်းတွေ တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရှိ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ “ဝက်ခြံဖမ်းဈေးက တစ်ပိဿာကို ၉၆၀၀ ကျပ်အထိ မြင့်တက်သွားတယ်။ ရောင်းတဲ့သူနည်းပါတယ်။ တရုတ်နှစ်သစ်ကူးအမီ ငွေကျပ် […]

အသားတိုးကြက် ဈေးကွက်အတွင်း ခြံဖမ်းဈေး ကျပ်၁၀၀၀ခန့် ပြန်ကျနေ

ကြက်သား ရောင်းချတဲ့ လက်ကားဈေးကွက်အတွင်း ယခုရက်ပိုင်းမှာ အသားတိုးကြက်များ ရောင်းချဖို့ အဝင်များနေတာကြောင့် ခြံဖမ်းဈေး မှာ တစ်ပိဿာ ငွေကျပ် ၁၀၀၀ ဈေးနီးပါပြန်လည်ကျဆင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန်က […]

ရန်ကုန်ရွှေပိတောက်ငါးစျေးမှ ရေထွက်ကုန်ဈေးနှုန်းများ

ဇန်နဝါရီ ၉ရက်နေ့အတွက် ရန်ကုန်ရွှေပိတောက်ငါးစျေးမှ ရေထွက်ကုန်များ၏စျေးနှုန်းများကို ‌ကူးယူဖော်ပြလိုက်ရပါတယ်ရှင်… (အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်)

ရန်ကုန်တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဒီဇင်ဘာ ၂၉ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက် ပါ၍ရန်ကုန်တိုင်းစစ်ဌာနချုပ်၊စိုက်ပျိုးမွေးမြူရေးစခန်းများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အမှတ်(၁) […]